2

141 15 1
                                    

"မိဖုရား အဆောင်တော်ကို ကြွချီရပါမယ် မင်းကြီး"

ဘေးနားက အမတ်တွေရဲ့ လျှောက်တင်သံဟာ ဝိုးတဝါးသာ။ သူ မိဖုရားအဆောင်ကို မကြွတာ တစ်ပတ်ပြည့်ခဲ့ပြီ မဟုတ်လား။ သူ့အတွေးထဲမှာ စိုးမိုးနေတာ ရှောင်းကျန့် ဆိုတဲ့ အရိုင်းအစိုင်း ကောင်ကလေးသာ။

"မင်ကြီး
မယ်တော် ကြွလာပါတယ်။ ဝင်ခွင့်ပြု..."

လျှောက်တင်သံပင် မဆုံးလိုက် အခန်းထဲကို ဇွတ်ဝင်လာတဲ့ မယ်မယ်။ သူ့အခန်းထဲကို ဇွတ်ဝင်ရဲတာ မယ်မယ်ပဲ ရှိတယ် မဟုတ်လား။

"ဝမ်လေး
ဘိတ်သိတ်သွန်းပြီး တော်ကောက်ထားတဲ့ တာအိုလက်တွဲဖော် မိဖုရားဆီ မသွားတာ ဘာသဘောပါလဲ"

"သားတော် ကျန်းမာရေး မကောင်းလို့ပါ"

"ဘယ်နားက နေမကောင်းတာလဲ။
သမားတော်တွေနဲ့ စစ်ဆေးစမ်း"

"သားတော် ကြည့်ပြီး ဖြေရှင်းလိုက်ပါ့မယ်"

"အမတ်ကြီးနဲ့ မျက်နှာပျက်စရာ မဖြစ်ချင်ဘူး။ မင်းသမီးနဲ့ အဆင်မပြေရင် ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်လိမ့်မယ်။

ဝမ်လေး ဒါတွေကို ကျော်လွှားနိုင်မှ ဖြစ်မယ်"

ဘာ‌ေတွကို ကြိုးစားထားခဲ့တာပါလဲ။ သူ့အာရုံဟာ နောက်ကျိရှုပ်ထွေးစွာ။

"အဆောင်တော် ကူးလိုက်ပါ့မယ် မယ်မယ်"

အနီရောင် နဂါးဝတ်ရုံကို အထပ်ထပ်ခြုံလွှမ်းပြီး မိဖုရားရဲ့ အဆောင်တော်ကို ကြွလှမ်းဖို့ ပြင်ရတယ်။ "ရှောင်းကျန့်ကလေးရဲ့" ဘုရင်ဖြစ်ရတာ လွယ်ကူမနေဘူး။

မိဖုရားဟာ ဒီနိုင်ငံရဲ့ အာ‌ဏာသိမ်းမှုခေါင်းဆောင် အမတ်ကြီးရဲ့ သမီးပါ။ လိမ္မာပါးနပ်မှု၊ ရုပ်ရည် အစစအရာရာမှာ ထူးခြားလွန်းသူ ဖြစ်တာကြောင့် တိုင်းပြည်ရဲ့ မိခင် ဖြစ်လာရသူ။ ငယ်စဉ်က အကြိမ်များစွာ ဆုံဆည်းဖူး၊ ခင်မင်ရင်းနှီးစွဲ ရှိကြသူများဖြစ်ပါတယ်။ စစ်သူကြီး ကျန်း၊ သူနဲ့ မိဖုရားတို့ဟာ အသက် ဆယ်နှစ်အရွယ်အထိ ကစားဖော်တွေပဲ။

"မိဖုရား"

လက်ဖက်ရည်ဝိုင်း သိမ်းပြီး ဆံထုံး‌တွေကို ချွတ်ဖို့ပြင်နေတာမို့ သူ ထရပ်လိုက်တယ်။

Emperor Wang's (YiZhan fanfic)Where stories live. Discover now