[Unicode]
"နင်တစ်နေ့တစ်နေ့ အဲ့ဖုန်းပဲကိုင်ပြီးတော့ ရီလိုက်မောလိုက် နင်ပဲကောင်းတယ် အဲ့ဖုန်းနဲ့ပဲအလုပ်ရှုပ်နေတာ ငါ့အလုပ်တွေကျတော့ တစ်ခုမှဝိုင်းမကူဘူး စာကျတော့လုပ်တယ်မရှိဘူး..
"အမေရာစာမေးပွဲပြီးလို့ သမီးကအနားယူနေတာပါ..
"နင်ဖြတ်မပြောနဲ့"
"ဟုတ်"
"ဒီမှာ ငါပြောတာမပြီးသေးဘူး စာမေးပွဲပြီးလဲ နင်စာတွေလုပ်ရမှာပဲ လူဆိုတာ အမြဲတိုးတက်အောင်လုပ်နေရမယ် *ငါကဘာလို့တိုးတက်အောင်လုပ်ရမှာလဲ တိုးတက်အောင်နဲ့လုပ်တာဆိုတော်သေး🤭 အမေကလဲ*စာပေတွေဖတ်ရမယ် ဘယ်မှာလဲနင့်မှာ စာအုပ်တစ်အုပ်တောင်မရှိဘူး ဘာစာမှလဲမဖတ်ဘူး တစ်နေ့တစ်နေ့ အရည်မရအဖတ်မရ ဖုန်းပေါ်ကဟာတွေနဲ့ပဲသာယာနေတာ အိမ်အလုပ်ကူဦး"
"အမေရယ် သမီးကဖုန်းကြည့်တယ်ဆိုတာ စာဖတ်တာပါ စာအုပ်ထဲမှာပဲ စာဖတ်လို့ရတာလို့ အမေ့ကိုဘယ်သူပြောလဲ ဖုန်းထဲမှာလဲဗဟုသုတ ရတဲ့စာတွေအများကြီးဖတ်လို့ရတယ် လေအမေရဲ့ အမေလည်းဖုန်းသုံးတာပဲကို အမေကျတော့ ကြည့်လို့ရတယ်"
"အော်ငါက တရားနာတာတို့ ဟင်းချက်တဲ့ အစီအစဉ်တို့ကြည့်တာပါဟယ်"
"ဘာမှမဟုတ်ဘူး အနေားနီးမန့် ဖန်ကများသူတို့ကိုသမီးကြည့်မရဘူးနော် အမေကျတော့ သူတို့ကိုကြည့်ပြီးတော့"
"နင်ကလည်းသူတို့က ရိုးသားကြိုးစားကြပါတယ် နင့်ဟိုဖြူစွတ်နေတဲ့ ကိုးရီးယားကဟာတွေကရောဘာထူးလို့လဲ"
"အမေ အဲ့ဒါတော့ သမီးနဲ့ဆိုင်ပြီ အမေပြောနေတာတွေတစ်ခုမှ အထွတ်မတက်ဘူး ဒီလို သမီးကောင်လေးတွေကိုပြောရင်တော့ သမီးအမေကိုပြန်ပြောရတော့မယ် သူတို့ကိုအဲလိုမခေါ်ပါနဲ့ဆိုနေ အမေဆယ်လီ တွေကအမေ့ကို ဘာများကျွေးပြီး သူတို့ကိုကြိုက်အောင်လုပ်ထားလဲမသိဘူး သူတို့ရုပ်တွေကိုလည်းကြည့်ပါဉီး hobiရဲ့နှာတံချွန်ချွန်လေးလောက်တောင်မမှီပဲနဲ့များ"
"ဟိုဘီ တွေ ဘာဘီတွေမသိဘူး နင်အဲ့ဖုန်းကြီကိုကြည့်နေတာ တော်တော်လွန်နေပြီ မနက်အိပ်ရာထထဲက ကြည့်နေလိုက်တာများ အိပ်တဲ့ထိပဲ နင့်ကိုယောက်ျားမပေးစားရင်တောင်ရလောက်တယ် အဲ့ဖုန်းနဲ့ပဲနေတော့ တစ်သက်လုံး"
YOU ARE READING
UNKNOWN
Fanfiction"အဆုံးသတ်ကထင်သလို ဖြစ်မလား" စိတ်ကူးယဥ်သက်သက်သာ Ongoingသွားပါမယ်နော်