22🌚

741 9 0
                                    

[Unicode]

အဲ့ဒါနဲ့သူတို့လည်း အိမ်ပြန်လာကြပြီး

Mari-သခင်လေးတို့အိမ်ပြန်လာကြပြီလား နေ့လည်က ကျွန်မကပြန်လာမယ်ထင်ပြီး သခင်လေးကြိုက်တဲ့ဟင်းတွေတောင်ချက်ထားတာ

Tae-ကျေးဇူးပါ အန်တီ ဒီည ကျွန်တော်စားမယ်လေ

Mari-သခင်လေး ကိုကြည့်ရတာ အားမရှိသလိုပဲ ကျန်းကျန်းမာမာ ဖြစ်အောင်လို့ ကျွန်မ ကြက်ပေါင်းရည်လေးပါထည့်လုပ်ထားလိုက်မယ်

Tae-ဟုတ်~

Jk-ထယ်...ဟိုလေ ပင်ပန်းရင် နားနေပါလား မောင်လိုက်ပို့မယ်

Tae-မပင်ပန်းပါဘူး မောင်ရယ်

Jk-မောင်ကလေ..ထယ့်ကို ဟိုဟာကြောင့်ပင်ပန်းနေမှာစိုးလို့ပြောတာပါ

Tae-မောင်...

ထယ်ယောင်း ဘာကိုပြောမှန်းခုမှသိသွားပြီး ရှက်ရမ်းရမ်းကာ အိမ်ပေါ်ကိုပြေးတက်သွားပြီး ဂျောင်ကုကိုတောင်မျက်စောင်းထိုးသွားသေးတယ်

Jk-နေဦးလေ ...ဟာ

Tae-ထယ်ရေချိုးဖို့ ဖယ်ပေးဦး

Jk-ချိုးလေထယ်ရဲ့

ဂျောင်ကုက ရေချိုးခန်းထဲကထွက်လာပေမဲ့ ထယ်ယောင်းကိုမဖယ်ပေးပဲ ရပ်နေတာ

Tae-မောင်ကဖယ်ပေးဦးလေ

မဖယ်ရင် သူ့ကို ဆွဲထိုးတော့မလိုလုပ်နေတာကြောင့် ဂျောင်ကုလည်း ဖယ်ပေးလိုက်ရတယ်

Jk-ဖယ်ပြီ" မြန်မြန်ချိုးနော် အအေးပတ်မယ်

ညစာစားတဲ့ချိန်

Mari-သခင်လေးရယ် များများစားပါ နည်းနည်းလေးစားတော့ ကျန်းမာရေးအတွက်ဘယ်ကောင်းမလဲ

Tae-ကျွန်တော် နဂိုထဲက ဒီလောက်ပဲစားတာပါ ဒါနဲ့အန်တီနောက်ရက်တွေလေ ကျန်တော့်ကို ဂင်ချီလုပ်ကျွေးပါ စားချင်နေလို့

Mari-ကျွန်မ ဟိုနေ့ကသခင်လေးအတွက် ဂင်ချီကို အချိုလေးလုပ်ပေးထားတယ် သွားယူပေးမယ်လေ

Tae-ဟုတ်ဖူး အချိုမဟုတ်ဘူး အစပ်ပဲစားချင်တာ

Jk-ထယ်ကအစပ်မစားနိုင်ဘူးမလား

UNKNOWNWhere stories live. Discover now