2

189 21 4
                                    


ဂျိုရှုအာ ဂျောင်းဟန်နဲ့ မျက်နှာချင်းမဆိုင်ဖြစ်တာ
တစ်ပတ်ရှိပြီ ၊ တိတိကျကျပြောရရင်
အဲ့ဒီ့နေ့ မနက် ပြသနာတက်ပြီးတည်းက ဖြစ်သည်။ ညဖက် ရုံးက ပြန်ရောက်ရောက်ချင်း
သူ့ဆီသွားတော့လည်း အိပ်ပျော်နေပြီမို့
ပြန်လာခဲ့ရတာ , အဲ့နေ့ကစပြီး အခုဆို
တစ်ပတ်ရှိပြီ ၊ ဒီကြားထဲ ဂျိုရှုအာကပါ ဂျယ်ဂျူကို
အလုပ်ကိစ္စကြောင့် သွားခဲ့ရသေးသည်။
ဖုန်းဆက်တော့လည်း မကိုင်တာကများသည်။
ကိုင်တော့လည်း ကျွန်တော် ဂိမ်းဆော့နေလို့ ၊
စာလုပ်နေလို့ နဲ့ စကားပြောခွင့်မပေး ။

တွေးရင်း ဂျိုရှုအာ ပူလောင်နေရပြီဖြစ်တယ်။
ဂျောင်ဟာနီက သူ့ကို ဘာလို့ ရှောင်နေရတာလဲ
ဘယ်သူကြည့်ကြည့် ဒါက တမင်သက်သက်
ရှောင်နေတာ မဟုတ်ဘူးလား။

ဒီနေ့တော့ မရတော့ဘူး
စကားသေချာပေါက်ပြောရမှဖြစ်မယ်။

ဂျောင်းဟန်တို့ ကျောင်းရှေ့မှာ ရပ်လိုက်ကာ
ကားထဲမှာပဲ စောင့်နေမိသည်။ ညနေစာလိုက်ကျွေးရင်း စကားပြောချင်သည်မို့ စားသောက်ဆိုင်ကို
ဖုန်းဆက်ကာ ဘိုကင်တင်လိုက်တယ်။

ဂျောင်ဟာနီက ပထမနှစ်  ---- တက္ကသိုလ်
ကျောင်းသားဖြစ်သည်။ မေဂျာရွေးတုန်းက
ကိုကိုတက်တာပဲ တက်မယ်ဆိုပြီး
စီးပွားစီမံကို ရွေးတာကြောင့် ဂျိုရှုအာအတွက်တော့ ဂျူနီယာ အငယ်လေးပဲ ဖြစ်တယ်။ ထင်သလောက်စာတွေကမလွယ်တာမို့ တစ်ပတ်ကို နှစ်ရက်
စာပြပေးရသေးသည်။ အခုတော့ စာပြဖို့ နေနေသာသာ မျက်နှာလေးတောင် မမြင်ရတာဖြစ်တယ်။

ခဏနေတော့ သူ့သူငယ်ချင်း ဆွန်းယောင်းနဲ့
ဆွန်းဂွမ် ထွက်လာတာကို တွေ့လိုက်ရတယ်
ရှုအာ ကားထဲကနေ ထွက်လိုက်တော့
ဆွန်းဂွမ်က သူ့ကို မြင်သွားသည်။
အခုချိန်ထိ ဟိုကလေး အရိပ်အယောင် မတွေ့ရသေးသည်မို့ ဆွန်းဂွမ်တို့ဆီသွားကာ မေးကြည့်ဖို့ အလုပ်

နောက်ကနေ လိုက်လာတဲ့ ဂျောင်ဟာနီကို
တွေ့လိုက်ရသည်။ သူ့ကို မြင်တော့
မျက်လုံးပြူးကာ လန့်သွားပုံရတယ်။
ပြီးတော့ ဘေးက တစ်ယောက်ဆီကနေ
လွယ်အိတ်ကို ယူလိုက်ကာ တစ်လှမ်းချင်းရှေ့တိုးလာသည်။ ရှုအာ ဂျောင်းဟန်နောက်က တစ်ယောက်ကို အကဲခတ်ကြည့်လိုက်တော့ ရှုအာ မသိတဲ့သူပဲ
ဖြစ်တယ်။ သူငယ်ချင်းအသစ်များလား ။

Let Me Love YouWhere stories live. Discover now