3

131 17 4
                                    


Alarm ပေးထားတဲ့ ringtone တတီတီ မြည်သံ
ဆယ့်ငါးမိနစ်‌‌ လောက်ကြာပြီးတဲ့နောက်တော့
ဂျောင်းဟန် အိပ်မှုန်စုံဖွားနဲ့ ထရတော့တယ်။

ညက ဘယ်လိုမှ အိပ်မပျော်တာကြောင့်
အိပ်ဆေးသောက်အိပ်မိတာ , မနက်ကျ
တော်တော်နှင့် မနိုးတော့ ။

ရှုပ်ပွနေတဲ့ ဆံပင်ကို ထပ်ဖွလိုက်မိရင်း
မနေ့က ကိစ္စတွေ ပြန်တွေးမိသွားသည်။

" ကိုကိုက ဂျောင်ဟာနီ့ကို ချစ်သူလိုမျိုး ချစ်တာ "

" ပိုင်ဆိုင်ချင်တယ် "

" မြင်နေရရင် ဖက်ထားချင်တယ် "

" ပါးလေးတွေကို နမ်းခွင့်ရ‌ချင်တယ် "

" ကလေး‌လေးနဲ့ ပက်သက်တဲ့ အရာအားလုံးကို လိုချင်တယ်၊ သက်ဆိုင်သူ ဖြစ်ချင်တာ "

ကိုကို ပြောခဲ့တဲ့ စကားလုံး တစ်လုံးချင်းစီက
သူ့ခေါင်းထဲသို့ အစီအရီ ဝင်ရောက်လာကာ
မနက်စောစောမှာတော့ ဂျောင်းဟန် စိတ်ကလေး
ပိုရှုပ်ထွေးနေရပြီ။

တံခါးခေါက်သံနှင့်အတူ မေမေက ဝင်လာကာ
ကုတင်ပေါ်ကို ဝင်ထိုင်လာသည်။
ပြီးတော့ ဂျောင်းဟန် တင်ပါးလေးကို
ဆတ်ခနဲ ရိုက်ကာ

" ဂျောင်ဟာနီ ထ ပါတော့လား
ပြီးရင် မင်း ကိုကိုက ကျောင်းသွားဖို့
လာခေါ်တော့မှာလေ "

ဂျောင်းဟန် ဖုန်း နာရီကို တစ်ချက်ကြည့်လိုက်တယ်၊
သူ ဒီနေ့ ကိုကို့ကို မျက်နှာချင်းမဆိုင်ချင်သေးဘူး။
ကိုကို့ကို ဘယ်လိုတုံ့ပြန်ရမလဲ သူမသိချင်သေးဘူး။

" သား ဒီနေ့ ကျောင်းမသွား‌ဘူး "

" ဟဲ့ ဘာဖြစ်လို့တုန်း "

နေမကောင်းချင်တာလို့ အကြောင်းပြချက်ပေးရင်လည်း ကိုကိုက သူ့ရှေ့ ကျိန်းသေပေါက် ရောက်လာမှာ သေချာသည်။ သင့်တော်တဲ့ ဆင်ခြေတစ်ခုကို
စဉ်းစားမှ ဖြစ်မယ်။

" ဟို ... ဒီ.. ဒီနေ့ ကျောင်းမှာ နောက်ဆုံးနှစ်ကျောင်းသားတွေ ဘွဲ့ယူကြမှာ  ၊ ဆရာမတွေလည်း
အလုပ်ရှုပ်နေကြမှာဆိုတော့ မသွားလို့ ရတယ်
အဲ့တာကြောင့် "

ဂျောင်းဟန်ကို မယုံသင်ကာနှင့် ကြည့်လာတော့
သွားစိကာ ပြုံးပြလိုက်ရင်း မလုံမလဲနှင့်
ခေါင်းတဆတ်ဆတ်ငြှိမ့်ပြလိုက်မိသည်။

Let Me Love YouWhere stories live. Discover now