အပိုင်း(၁)

913 37 11
                                    


[U]

၃လပိုင်း၂၁ရက်၁၉၅၀ခုနှစ် မြန်မာစံဝောာ်ချိန်နံနက်၁၀နာရီ၁၅မိနစ်အချိန်တွင်ဖြစ်သည်။ တပေါင်းလလို့ ကူးပြောင်းလာပြီဖြစ်၍ နေအပူရှိန်ဟာလည်း အတော်အသင့်ပြင်းလှသည်။ သို့သော် ယနေ့ကတော့ ထူးထူးခြားခြားနေလို့ကောင်းသည်ဟု ပြောလို့ရလောက်သည့်ရာသီဥတုတွင်ရှိ၏။

ဖုန်တလုံးလုံးထနေသော တောလမ်းပေါ်တွင်    အထက်တန်းလွှာလူကြီးပိုင်းများသာ စီးနိုင်သောကားတစ်စီး တညိမ့်ညိမ့်မောင်းနှင်လာ၏။ တောက်ပြောင်နေသည့်ကားတွင်လည်း ဖုန်တွေကပ်ညိနေပုံက မတင့်မတယ်။ ထိုကားထဲတွင် လူနှစ်ယောက်သာပါရှိသည်။ အတိအကျဆိုရလျှင် သက်လတ်အရွယ်အမျိုးသားနှစ်ယောက်သာဖြစ်၏။

ရှပ်လက်တိုနို့နှစ်ရောင်နှင့်ပု‌ဆိုးကွက်ခပ်စိပ်စိပ်ကိုဖြစ်သလိုဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က ထိုကားကိုမောင်းသည်။
အနောက်ခန်းတွင် ကျကျနနထိုင်နေသော ခပ်ချောချောအမျိုးသားက စတစ်လက်ရှည်ပိတောက်ခြောက်ရောင်နှင့် အပေါ်ကတိုက်ပုံအင်္ကျီအနက်ရောင်ကို မှန်ကူကွက်အညိုရောင်ပုဆိုးနှင့် တွဲဖက်ကာသေသေသပ်သပ်ဝတ်ဆင်ထားသည်။ ရိုးရှင်းသည့်ဆင်ယင်မှုနှင့်ဖြစ်နေသည့်တိုင် အရှိန်အဝါကတော့မသေးလှ။
ဆီသုံး၍ အနောက်သို့လှန်တင်ထားသည့် ဆံပင်တွေကလည်း နဖူးပေါ်တွင် ဝဲကျခြင်းတစ်စုံတစ်ရာမရှိ။မျက်နှာထားတင်းတင်းနှင့်စူးရှသည့်အကြည့်ကလည်း ခက်ထန်လိုက်လေခြင်း။ တင်းတင်းစိထားသည့်နှုတ်ခမ်းပါးတစ်စုံရဲ့ အောက်ဖက်တွင်မှည့်အနက်လေး တစ်လုံးကလည်းခပ်ထင်းထင်းရှိနေသည်။
ရာထူးရာခံကြီးမားသော ပုဂ္ဂိုလ်တို့၏အဆောင်အယောင် တစ်ခုလေးမှမပါတာတောင် ကြောက်ခမန်းလိလိအရှိန်အဝါက ထိုသူ၏အဆင့်အတန်းကိုဖော်ပြလျက်ပင်။

~ဟေဝန်စုံမြိုင်~တောဂနိုင်ဆန်းကြယ်~မမောနိုင်လှမ်းမယ်~မောင်ရယ်!...တီ~

ဘယ်နေရာသို့သွားသွား မပါမဖြစ်ရေဒီယိုလေးထံမှ ပျံ့လွင့်လာသော "ထန်းရွက်ပုတီး" သီချင်းသံအား နားဆင်ရန် မျက်လုံးကလေးဖတ်ခနဲ မှိတ်လိုက်စဉ်၊ တီခနဲရပ်သွား‌သောကြောင့် မျက်လုံးနှစ်လုံးပြန်ပြူးကျယ်လာရသည်။
တရားခံက နှစ်ယောက်မရှိသည့်တပည့်ကျော် ထူးအောင်။
မျက်ခုံးနှစ်ဖက် တွန့်ချိုးလျက် ကားခေါင်းခန်းတွင်ထိုင်နေသော တပည့်ကောင်ကို...

သို့..ချစ်သည်းညှာWhere stories live. Discover now