အပိုင်း(၂)

181 17 2
                                    

[U]

ဒီနေ့ ခြံထဲကကံ့ကော်ပင်တွေမှာ ကံ့ကော်ပန်းတွေအများကြီးပွင့်တယ်။ တစ်ပိုင်တစ်နိုင် ပျိုးထားတဲ့ ဘုရားပန်းတွေကလည်း ဒီနေ့မှ အရင်ကထက်ပိုပြီးဝေနေလိုက်တာများ တစ်အိမ်လုံးကိုသင်းပျံ့နေရော။

ကံ့ကော်သိပ်ကြိုက်တဲ့ သူကြီးကတော်အရီးလေးက  လည်းကံ့ကော်တွေအများအပြားပွင့်တဲ့နေ့ဆို အများကြီးအားပေးတယ်။ သူကြီးကလည်း ဒီနေ့ရွာသားတွေစုဝေးဖို့ခေါ်ထားတာမို့ သွားရမှာဖြစ်တာကြောင့်အရီးလေးအတွက် ကံ့ကော်တွေပါ တစ်ခါတည်းယူသွားရမယ်။ ကိုယ့်အတွေးနဲ့ကိုယ်တော့ဟုတ်နေတာပါပဲလေ။

တစ်ယောက်တည်း သီချင်းလေးညည်း‌ရင်း ပန်းလေးသီရင်း အလုပ်များနေတဲ့ ကောင်‌ငယ်လေးတစ်ယောက်ပါရယ်။

“မေမေရေ..မေမေ..ရိပ်ရိပ်..ညီညီ..အကုန်ဘယ်သွားနေကြ..အော်သူကြီးအိမ်သွားနှင့်တာကိုး..”

ဖိုးနောင်လေးကတော့ ပန်းကုံးတွေရောင်းဖို့ထွက်သွားတာသိသည်။ သို့သော် အိမ်ထဲမှာတိတ်ဆိတ်‌နေပြီး ကျန်တဲ့အိမ်သားတွေကို မတွေ့တာမို့အော်ခေါ်ကြည့်မှ သူကြီးကိုအိမ်ကိုသွားနှင့်ပြီမှန်း သိရ၏။

“ဟူး..ဒါဆိုလည်းတစ်ယောက်တည်းသွားတာပေါ့ကွာ..”

ဆက်ပြီးသီချင်းညည်းကာ ကံ့ကော်ပန်းလေးတွေကိုသီနေမိတော့တယ်။ ညည်းနေမိသည့်သီချင်းကလည်း တစ်ခြားတော့မဟုတ် "ထန်းရွက်ပုတီး" ဆိုသည့်သီချင်းလေးရယ်သာ။
သီချင်းဆိုလို့လည်းများများပြားပြားမှမသိလေဘဲ။ တစ်ခါတစ်ရံ သူကြီးအိမ်ပန်းသွားရောင်းမှသာ နားစွံနားဖျားကြားခဲ့ဖူးသည့် သီချင်းရောက်တက်ရာရာလေးတွေက ပါးစပ်ဖျားမှာစွဲလာလို့ညည်းမိတာ။ တစ်ရွာလုံးလည်း သီချင်းနားထောင်စရာဆိုလို့သူကြီးအိမ်ကရေဒီယိုတစ်လုံးသာရှိတာလေ။

“ကဲ..ပြီးပြီ..ဆိုတော့သူကြီးအိမ်ကိုသွားဖို့ပဲကျန်တော့တာပေါ့..”

တစ်ယောက်တည်းပြောရင်း ခေါင်းလေးကိုတစ်ဆတ်ဆတ်ငြိမ့်တော့ ဆံနွယ်ပွယောင်းယောင်းလေးတွေဟာ လှုပ်လီလှုပ်လဲ့။ တင်ပျဉ်ခွေထိုင်နေပုံလေးကတောင် ယောင်္ကျားတန်မဲ့ လှရက်နေလေတာ။
ထိုသို့ လှလှပပလေးမွေးခဲ့ပေးလေသော ထိုလူသား၏ အမိအဖနှစ်ဦးအားမြင်ချင်စမ်းပါဘိ။

သို့..ချစ်သည်းညှာWhere stories live. Discover now