အပိုင်း(၃)

125 17 3
                                    

[U]

အို..ဖက်ဖက်ဖက် အဲ့လူကြီးဟာ ထယ်ယောင်းငယ်သွားသမျှနေရာတိုင်းမှာ ပေါ်လာနေပါရော့လား ၊ သိပ်စိတ်ညစ်တာပဲလေ။

ထယ်ယောင်းငယ် ကြက်သီးထလွန်းလို့ လက်နှစ်ဖက်ကိုယှက်သိုင်းကာ လက်မောင်းတွေကိုပွတ်သပ်ပြီး စိတ်ထဲကနေမချေမချမ်းလေးပြောမိတယ်။
ဒီနေ့ပဲစတွေ့၊ ဒီနေ့ပဲအမြင်ကပ်ပြီး ထပ်မတွေ့ချင်လောက်အောင်ဖြစ်မိတာဆိုလို့ အဲ့လူကြီးပဲရှိတယ်။ ထယ်ယောင်းငယ်ဟာ ဆုံးပါးသွားတဲ့ဖေဖေ့ရဲ့စည်းစနစ်ကျမှု၊ မေမေရဲ့အကြင်နာမေတ္တာတရားတွေနဲ့ကြီးပြင်းလာတဲ့သူမို့ လူတစ်ယောက်အား လေးစားမှုမရှိ၊ လက်လွတ်စပယ် မဆက်ဆံတတ်ပါ။ သို့သော်..ထိုလူကြီးကတော့ ထယ်ယောင်းငယ်ဘဝမှာ ပထမဦးဆုံးအမြင်ကပ်မိသူပဲ။

“ဒါနဲ့အဲဒါသူကြီးရဲ့အိမ်မဟုတ်ဘူးလား..”

ရုတ်တရက်သတိရမိသွားတာတစ်ခု၊ အဲ့လူကြီးဟာ သူကြီးပိတ်ထားတဲ့အိမ်အသစ်ထဲက ထွက်လာတာ။
ဘုရားရေ..ဒါဆို..!

“အို..သူနဲ့ငါရဲ့ရေစက်ကလည်းထူးဆန်းလိုက်တာ..သူကသူကြီးအိမ်အသစ်မှာနေတာလား..ဒုက္ခပါပဲလေ..”

ထယ်ယောင်းငယ် အမှန်တကယ်ပင်စိတ်ညစ်ညူးမိတာကြောင့် ခပ်ဆဆလေးငြီးတွားမိသည်။
သူကြီးရဲ့အိမ်အသစ်ဟာ ထယ်ယောင်းငယ်တို့အိမ်နဲ့ သုံးခြံကျော်မျှသာဝေးတယ်။ ဒါတောင် ရွာဖြစ်နေတာမို့ တစ်ခြံတစ်ခြံဆိုတာ အကျယ်ကြီးတွေချည်းပဲ။ ဘယ်လိုကျယ်ကျယ်ပေါ့၊ ထယ်ယောင်းငယ်တော့စိတ်ညစ်မိတယ်။ ရွာထဲကိုပန်းသွားရောင်းတိုင်း အဲဒီအိမ်ရှေ့ကမဖြစ်မနေဖြတ်ရမှာ၊ ဒါဆိုနေ့တိုင်းတွေ့ရတော့မယ်။

“သူကဘယ်နှစ်ရက်နေမှာလဲ..အလည်လာတာလား..ဘာလာလုပ်တာလဲ..မြို့အုပ်ဆို..မြို့မှာမနေဘဲ ဘာလာလုပ်တာလဲ..မဟုတ်မှ..တစ်သက်လုံးများအခြေချမလို့လား..”

တစ်ယောက်တည်း အတွေးလွန်ကာ သက်ပြင်းတွေချည်း လိမ့်ချမိတော့တယ်။ တစ်သက်လုံးတော့မဟုတ်ဘူးမလား..။
တွေးရင်းဆွေးရင်းနဲ့ပဲ အရှေ့မကြည့်ဘဲလျှောက်လာလိုက်တာ အိမ်ကိုကျော်သွားလို့ အနောက်ပြန်လှည့်လိုက်ရသေးတယ်။ အို..ဟိုလူကြီးသိပ်ဒုက္ခပေးတယ်။
သည်နေ့အတွင်းထယ်ယောင်းငယ်တို့ မြို့အုပ်မင်းကိုမေတ္တာပို့နေလိုက်တာများ ဟိုကလမ်းကောင်းကောင်းရောလျှောက်ရပါဦးမလား။ သွားတိုင်း ခလုတ်တိုက်နေမှာ မြင်ယောင်ပါသေးရဲ့လေ။

သို့..ချစ်သည်းညှာWhere stories live. Discover now