Ep 4. story

148 12 0
                                    


ကြီးမားကျယ်ပြန့်သည့် စံအိမ်ကြီးထဲသို့..

အိမ်ကြီးမှာ ခမ်းနားလှစွာ ၊ နူးညံ့အိစက်နေသည့် ဆိုဖာ ကြီးများနှင့် ခိုင်ခံသော ကျွန်းစားပွဲခုံကြီးမှာလဲ ဖောလစ်များ သုပ်ထား‌သော ကြောင့် ချောမွေ့ပြောင်လက်စွာ ခန့်ညားလျှက်၊ စားပွဲအထက် တည့်တည့်ရှိ မြင့်မားသော မီးပန်းမီးဆိုင်တို့မှာ ဝင်းဝင်းတောက်လျှက်သား၊ ခြံဝန်းထဲတွင်တော့ ရေမွှေးနှင်းဆီမျိုးစိတ်များနှင့်နွယ်နှင်းဆီမျိုးစိတ်များအားစိုက်ထားပြီး ခြံရဲ့အရှေ့ဘက်နားတွင်တော့ ကျွန်းသစ်သား စားပွဲဝိုင်းနှင့်သစ်လုံးထိုင်ခုံများရှိလျှက် ဒန်းလေးတစ်ခုပါရှိ၍ အောက်တွင်တော့ စိမ်းစိုနေသည့် မြက်ခင်း နုနုလေးတွေပါရှိသေးသည်။ အိမ်ကြီးမှာ 3ထပ်တိုက် ဗီလာကြီးဖြစ်သည့်အပြင် အခန်းတိုင်းကလဲ အလွန်ကျယ်ပြန့်ကာ ခန့်ညားစွာ သပ်ရပ်လွန်းသည်။ လှေကားထစ်များဘေးရှိ လက်ရန်းတို့မှာလဲ ထိတွေ့လိုက်တာနှင့် အလွန်ချောမွေ့ နူးညံ့ကြောင်းသိသာလွန်းသည်။ လှေကားထစ်များကို နင်းကာ ကိုယ်ကို မတ်လျှက်တက်လာပြီး ခြေလှမ်းတို့မှာလဲ စီးချက်ညီညီဖြင့် အောက်ခံကြမ်းပြင်ရှိ ဝင်းလက်နေသော ကြွေပြားတို့ထက်တွင် ဖိနပ်သံ သဲ့သဲ့အားကြားနေရသည်အလျှား။အပေါ်ဆုံးထပ်ရှိ မီးခိုးရောင် တခါးချပ်ကြီးများရှိရာ အခန်းတစ်ခုရှေ့အရောက်

ဒေါက် ~ ဒေါက် ~ ဒေါက်

"ဝင်ခဲ့"

"Boss .. အားလုံးအဆင်သင့်ဖြစ်ပါပြီ"

"ကောင်းပြီ .. ရှမ်းပြည်ဘက်က ကိစ္စရောရှင်းပီးပီလား"

"ဟုတ်ကဲ့ ​ ဖြေရှင်းထားပီးသားပါ boss , လမ်းကြောင်းလဲရှင်းပါတယ်၊ပြီးတော့ ဒီတစ်ခေါက်စိတ်ချရတဲ့လူတွေနဲ့သေချာလွှတ်ထားပါတယ်"

"အင်းး! .. ဒီတစ်ခေါက်ဘာအသံမှထပ်မကြားချင်ဘူး"

"စိတ်ချပါ  boss"

ပြောပီးသည်နှင့် ခြေချိတ်ထိုင်နေရာ.. ဆိုဖာပေါ်မှ ထ၍ အသုံးပြုနေသည့် Latop အားပိတ်လျှက် ဝတ်ထားသော အနက်ရောင် ကုပ်အင်္ကျီတို့အား သေချာပြင်၍ ကြီးမားသောလက်ချောင်းသွယ်သွယ်တို့ဖြင့် နက်ကတိုင်အား လက်တစ်ဖက်ဖြင့် အသာအယာ ဆွဲတင်လျှက် အရှေ့ကနေ ဦးဆောင်ကာထွက်သွားတော့သည်။ ထိုအခါမှ လွှမ်းဆက် နောက်မှ ထပ်ချပ်မကွာစွာဖြင့် မင်းထိုက် တစ်ယောက်ခြေလှမ်းတို့သုပ်ခြေတင်ကာလိုက်ရတော့သည်။ မင်းထိုက်က bossရဲ့ ညာလက်ရုံးတစ်ယောက်မို့ အစစ အရာရာယုံကြည်စိတ်ချရသူလည်းဖြစ်ပေမည်။ 12နှစ်သားလောက်ကထဲက လွှမ်းဆက်ရဲ့အဘိုးဟာ မိဘမဲ့လေးဖြစ်နေသည့် ကလေး၂ယောက်အား အိမ်သို့ခေါ်လာခဲ့ပြီး အစစအရာရာပြည့်စုံအောင်ထားပေးကာ သင်ယူတက်မြှောက်သင့်တာတွေအားလုံးကို ၂ယောက်စလုံးအား တန်းတူသင်ယူစေလိုသည်။ထိုကလေး၂ယောက်ကလဲ ပင်ကိုဗီဇကိုက အရည်အချင်းရှိသည်ထင်ရလောက်
အောင်တော်၏။။

Last Light. ( un + Zawgyi )Où les histoires vivent. Découvrez maintenant