"ငါ Genius Idol အဖြစ် ရှင်သန်‌ နေရတာလား?"

3 0 0
                                    

Apgujeong ဘူတာရုံ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Apgujeong ဘူတာရုံ။

အထက်တန်းကျောင်းပြီးလို့ အခန်းငှားပြီး နေ နေတာ တောင်ကြာခဲ့ပါပြီ။  Baek-Ya သည် တိုက်ခန်းဟောင်းကြီးကို ကြည့်လိုက်သည် ။
'ခံစားမှုကြောင့်ပဲလား'

ဘာပဲဖြစ်ဖြစ် သူမှတ်မိခဲ့တာထက် တောင်ပိုပြီး အိုဟောင်းနေခဲ့ပြီလို့ ခံစားရတယ်။

'အပြင်မှာ ဒီလိုမျိုး‌ ဟောင်းနေတောင် အတွင်းပိုင်းမှာတော့ တော်တော်ကောင်းပါတယ်။'

Baek-ya ကဟာခေါင်းကို ငုံ့ကာ ကုန်စုံဆိုင်ထဲသို့ ၀င်သွားခဲ့သည် ။  အိပ်မက်တစ်ခု ဆိုခဲ့ရင်တောင် သူ့မမအိမ်ကို မရောက်တာကြာပြီမို့ လက်ဗလာနဲ့တော့ မသွားချင်ဘူး။ 
Baek-Ya သည် T-Money cardကို သုံးပြီးလိမ္မော်ရည်တစ်ဗူးကို ဝယ်လိုက်သည်။
ဒါပေမယ့် ကောင်တာက၀န်ထမ်းကို ကျေးဇူးတင်ပြီး လှည့်ထွက်သွား‌ တော့မယ့်အခါတွင် ထူးထူးခြားခြား တုန်လှုပ်နေတဲ့ ခံစားချက်တစ်ခုရ ရှိခဲ့သည်။

သေချာပါတယ်။

ကုန်စုံဆိုင်တံခါးဖွင့်သံနှင့်အတူ ဝမ်းသာအားရ‌ အော်သံတစ်ခုကိုကြားလိုက်ရသည်။  ဘောနပ်စ်အနေနဲ့ အဖြူရောင်ဖန်သားပြင်ဟာလည်းထပ်မံပေါ်လာသည်။

"ကျောင်းသားရေ!"

ကျောင်းရှေ့တွင်တွေ့ခဲ့‌ သော ထိုလူပင်ဖြစ်သည်။

"ဘာလဲ ဗျ ဦးလေးကြီး?!"

Baek-Ya က အံ့ဩသွားကာ ပြန်လှည့်တော့မယ့်အချိန် ထို ID Entertainment ရဲ့Casting Manager ဦးလေးကြီး ဟာလည်း သူ့မျက်နှာရှေ့သို့ရောက်သည်အထိ ချဉ်းကပ်လာသည်။

"ငါတို့ဒီမှာတွေ့မယ်ဆိုတာ ငါဖြင့် မယုံနိုင်ဘူးကွာ! ဒါက‌‌ ရေစက်ပဲဖြစ်ရမယ်?!"
"ဘာလို့ ဒီကိုရောက်နေတာလဲ..."

ငါကထက်မြတ်တဲ့ IDOLတစ်ယောက်ဖြစ်ပေမယ့် ငါလေးက Sunfish(ငါးဆားနယ်) လေးပါ။Where stories live. Discover now