99-100

2 0 0
                                    

God Genzo:
အပိုင်း- ၉၉(အဆောက်အအုံ အဆင့်မြှင့်ခြင်း၊ စစ်အင်အားအခြေအနေ)

အရှင်သခင်ဝင်း၏ ရှေ့၌ ကျိုကျိုးရပ်နေ၏။ အချက်ပေးစာသားတစ်ခု ပေါ်လာခဲ့သည်။
“အရှင်သခင်ဝင်းကို မြှင့်တင်မည်လား”

“အင်း”
ကျိုကျိုးက ပြောသည်။

နောက်တစ်စက္ကန့်တွင်…
အခြေခံပစ္စည်း ၈၀၀၀၀ယူနစ်၊ ကြေးအဆင့် မြူနှလုံးသား ၅၀၀၊ မူလပုံဆောင်ခဲ ၃ခုနှင့် ကြေးအဆင့် ပိုင်နက်တိုကင် ၂ခုတို့ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

“ဘုန်း”
ရွှေရောင်အလင်းတစ်ခုက အရှင်သခင်ဝင်း တစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံသွားသည်။ ခဏအကြာ၌ ရွှေရောင် အလင်းတို့ ပျောက်ကွယ်သွား၏။

ကျိုကျိုးက ကြည့်လိုက်သည်။ အရှင်သခင်ဝင်း၏ ဧရိယာမှာ ပိုမိုကျယ်ပြန့်လာပြန်၏။ တစ်ချိန်တည်းတွင် အရှင်သခင်ဝင်း တစ်ခုလုံးမှာ ပိုမို လက်ရာမြောက်လာပြီး နေရာလွတ်မှာလည်း ပိုမိုကျယ်ပြန့်လာသည်။

အချက်ပေးစာသားများ ဆက်တိုက်ပေါ်လာ၏။
“ဂုဏ်ယူပါတယ်။ သင်၏ အရှင်သခင်ဝင်းကို သာလွန်ကြေးအဆင့်သို့ မြှင့်တင်ပြီးပါပြီ။ စာကြည့်ခန်းတစ်ခု အပိုထပ်ပေါင်းလာသည်”

“သင်၏ပိုင်နက်မှာ သာလွန်ကြေးအဆင့် ပိုင်နက်တစ်ခု အဖြစ်သို့ အဆင့်မြင့်သွားခဲ့ပါပြီ”

“ပိုင်နက်တိုကင်၏ ခိုင်ခံ့မှု တိုးလာသည်- ၁၀၀၀၀၀/ ၁၀၀၀၀၀”

“သင်၏ပိုင်နက်မှာ ပိုမိုကျယ်ပြန့်လာသည်- ၁၅၀၀၀မီတာ* ၁၅၀၀၀မီတာ* ၃၀၀၀မီတာ”

“ကျယ်ပြန့်လာသည့် ပိုင်နက်အတွင်းရှိ မြူသားရဲများ အားလုံးကို ဖယ်ထုတ်လိုက်ပါပြီ”

“သင့်ပိုင်နက်၏ မည်သည့်နေရာတွင်မဆို ကြက်သွေးရောင်မြူများ ပေါ်လာမည်မဟုတ်ပါ”

“အဆင့်မြှင့်သည့် ဆုကြေးကို ရရှိသည်- လက်သမားအလုပ်ရုံ ပုံစံစာရွက်(သာလွန်ကြေးအဆင့်)၊ ကုန်စုံဆိုင်ပုံစံစာရွက်(သာလွန်ကြေးအဆင့်)”

“အရှင်သခင်စွမ်းရည်မှတ်ချက်- ရန်သူ့အင်အားစုမှ လက်အောက်ခံများကို ပုန်ကန်ရန် လှုံ့ဆော်နိုင်သည့် အမြင့်ဆုံးခွန်အားအဆင့်မှာ အလယ်အလတ် ပလက်တီနမ်အဆင့်သို့ တိုးမြင့်သွားသည်”

အရှင်သခင်ကျိုး( 1 to ongoing)Where stories live. Discover now