153-154

4 0 0
                                    

အပိုင်း- ၁၅၃(အဆင့်နိမ့်ငွေအဆင့်)

ကျိုကျိုးက ရှေ့ရှိ သားရဲခြံကို ကြည့်သည်။ သားရဲခြံ ၇ခုပင် ရှိနေပြီ ဖြစ်ပြီး ၅ခုတွင် သားရဲ ၁၅၀၀စီတို့ကို မွေးမြူထားခဲ့သည်။ ထို့ကြောင့် စုစုပေါင်း ခြံသားရဲ ၇၅၀၀မျှ ရှိ၏။

ကျိုကျိုးက မူလစည်းမျဉ်းဟောင်းအတိုင်းပင် နယ်ဇာရီရိုအား နဂါးကြီးမြတ်ခြင်းကို လွှတ်ခိုင်းပြီး စစ်သည်များနှင့် ဝိညာဉ်နှုတ်သူတို့ကို စတင် သတ်ဖြတ်ခိုင်း၏။

ဝိညာဉ်နှုတ်သူ မားရစ်မှာ အဆင့်နိမ့် ကြေးအဆင့်သို့ ရောက်ရှိပြီး ဖြစ်သည်။ သူ၏ ဝိညာဉ်နှုတ်ခြင်း စွမ်းရည်နှင့် အဆင့်နိမ့် ကြေးအဆင့်ရှိ သားရဲအားလုံးတို့မှာ ချက်ချင်းဆိုသလိုပင် အသတ်ခံကြရသည်။

၎င်း၏ သတ်ဖြတ်ခြင်း အချက်ပေးချက်များကို ကျိုကျိုး ကြည့်လိုက်သည်။
“သင်၏လက်အောက်ခံ မားရစ်က အဆင့်နိမ့် ကြေးအဆင့် သဲရိုင်းယုံကြည်သူတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ ဆင့်တက်စွမ်းအင် +၂၀။ ပစ္စည်းများကို ထုတ်ယူနိုင်ပါပြီ”

“စစ်နတ်ဘုရား၏ကောင်းချီး- သင်၏ လက်အောက်ခံ မားရစ်မှာ အဆင့်တက်စွမ်းအင် ၄၀ကို ထပ်ပေါင်းရရှိခဲ့သည်”

ကျိုကျိုးက ကျေနပ်စွာ ခေါင်းညှိတ်သည်။ စစ်နတ်ဘုရား၏ ကောင်းချီးမှာ တော်တော်သုံးလို့ကောင်းသည်ဟု ခံစားရ၏။ တစ်ယောက်သတ်ခြင်းက သုံးယောက်ကို သတ်ဖြတ်ခြင်းနှင့် ညီမျှသည်။

၅မိနစ်ကြာပြီးနောက်…
သားရဲ၇၅၀၀တို့မှ သုံးပုံတစ်ပုံလောက် သေဆုံးပြီးနောက် ကျိုကျိုးမှာ သူ၏ နှလုံးသားထဲမှ ညင်သာသည့် စွမ်းအင်တစ်ခု မြင့်တက်လာသည်ဟု ခံစားရ၏။ ခန္ဓကိုယ်ရှိ အစိတ်အပိုင်း များစွာတို့ကို ပျံ့နှံ့သွားကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ကို ပိုမိုသန်စွမ်းလာစေသည်။

“ငါအဆင့်တက်ပြီ”

“နောက်ဆုံးတော့ အဆင့်နိမ့် ငွေအဆင့်ကို ရောက်ပြီ”

မျက်လုံးများကို မှိတ်ကာ အဆင့်တက်သည့် ခံစားချက်ကို နစ်မျောနေလိုက်သည်။ ခဏအကြာ၌ သတိပြန်လည်လာခဲ့၏။

အရှင်သခင်ကျိုး( 1 to ongoing)Where stories live. Discover now