215-216

3 0 0
                                    

God Genzo:
အပိုင်း- ၂၁၅(အသန်မာဆုံးအရှင်သခင်ဘွဲ့၊ မျိုးနွယ်စုဒီဗိုင်းလက်နက်)

“တစ်ပွဲရှုံးပြီးတော့ နှစ်ပွဲပြန်နိုင်ပြီ”

“နောက်ဆုံးတော့ အသန်မာဆုံး အရှင်သခင် ဖြစ်ပြီပေါ့”

“တကယ်မလွယ်ခဲ့ဘူး”
ကျိုကျိုးမှာ စိတ်သက်သာရာ ရသွား၏။

စစ်သည်များနှင့်အတူ မြင့်မြတ်နှင်းလေပွေတောင် တိုက်ပွဲပြင်မှ ထွက်ခွာပြီးနောက် မျိုးနွယ်စု အားလုံးတို့၏ အရှင်သခင်တိုက်ပွဲပြင် အဆင့်ပေးဇယားကို ဖွင့်ကာ လက်ရှိ ထိပ်ဆုံးသုံးယောက်ကို ကြည့်လိုက်သည်။

“မူလစိတ်ဝိညာဉ်မျိုးနွယ်- အစစ်အမှန်- သာလွန်တန်ခိုးရှင်အဆင့်- တိုက်ပွဲပြင်အဆင့်(၁)”

“ပျက်စီးခြင်းနတ်ဘုရားမျိုးနွယ်- နံပါတ်တစ်- သာလွန်တန်ခိုးရှင်အဆင့်- တိုက်ပွဲပြင်အဆင့်(၂)”

“လမ်းပြနတ်ဘုရားမျိုးနွယ်- ကောင်းကင်လိုက်သူ- သာလွန်တန်ခိုးရှင်အဆင့်- တိုက်ပွဲပြင်အဆင့်(၃)”

“ဒီမကောင်းဆိုးရွား အရှင်သခင်တွေက သာလွန်တန်ခိုးရှင်အဆင့်တွေကိုတောင် ရောက်နေပြီးပြီလား။ ဆက်ပြီးတောင် အဆင့်တက်လို့ မရတော့ဘူး”

“ဒါဆိုရင်.. မကြာခင် အချင်းချင်း ပြန်သတ်ကြတော့မှာပေါ့.. ဟုတ်တယ်မလား”
ကျိုကျိုးမှာ နှုတ်ခမ်းသပ်စွာ‌ အောက်မေ့မိသည်။

ထိုကိစ္စကို သူဆက်လက်အာရုံထားခြင်း မပြုတော့ပါ။ အဲ့ဒီအစား အဆင့်ဇယားမှ မိုးပြာရောင်ဂြိုလ်မှ အရှင်သခင်များ၏ အဆင့်ကို ကြည့်ရန် သတ်မှတ်လိုက်သည်။ ရလဒ်များက ချက်ချင်းပင် ပြောင်းလဲသွား၏။

ကျိုကျိုးက ကြည့်လိုက်သည်။

“မိုးပြာရောင်ဂြိုလ် လူသားမျိုးနွယ်- နေပြင်းအရှင်သခင်- အဆင့်နိမ့်ဆန်းကြယ်အဆင့်- တိုက်ပွဲပြင်အဆင့်(၅၈၄၇၅၁)”

“မိုးပြာရောင်ဂြိုလ် လူသားမျိုးနွယ်- နဂါးနတ်ဘုရားအရှင်သခင်- သာလွန်စိန်အဆင့်- တိုက်ပွဲပြင်အဆင့်(၁၂၁၄၅၄၁)”

"မိုးပြာရောင်ဂြိုလ် လူသားမျိုးနွယ်- အင်းစက်အရှင်သခင်- သာလွန်စိန်အဆင့်- တိုက်ပွဲပြင်အဆင့်(၁၂၅၁၁၄၄)”

အရှင်သခင်ကျိုး( 1 to ongoing)Where stories live. Discover now