Part 4

81 5 0
                                    

တင်းတောင်.....တင်းတောင်"

ခြံရှေ့မှာ ဘဲလ်မြည်သံတွေကြောင့် ငြိမ်း ဆံပင်ကိုအခြောက်ခံနေရင်းမှရပ်ကာ အောက်ထပ်သို့ဆင်းလာလိုက်သည်....

ဟင်းး မေမေ တို့ကလဲ မကြားဖူးထင်ပါတယ်
ကိုယ်တွေ ပဲထွက်ကြည့်ရတာပေါ့

အိမ်နေရင်းဖိနပ်အပါးအားစီးကား ရေစိုနေသောဆံပင်များအား ခဏလိပ်တင်၍ အိမ်ရှေ့သို့ထွက်လာခဲ့သည် ခြံတံခါးအားဖွင့်လိုက်သည် နှင့်တွေ့လိုက်ရသည်က

" ဟာ ....မမ! "

ဟင် ငြိမ်း ထိုနေရာမှာ ပင် စကားမပြောပဲခဏကြောင်ကာ ရပ်နေမိသည် အပူလွန်နေချိန် ‌ညဘက်ခေါင်းလျော်မိလို့ သူများမှား မြင်မိလေး သလားးး

" ဟာ မမ ငြိမ်း မမ "

ရှေ့မှ မမချင်းထပ်အောင်ခေါ်နေသော ထိုကလေးမ

" အင်း ဘယ်သူ့ကိုတွေ့ချင်လို့လဲ ဟင်"

" ကျွန်တော်က မမ ရဲ့ မျက်စောင်းထိုးတိုက်ကို ပြောင်းလာတာလေ မိတ်ဖွဲဆွေဖွဲ့ပေါ့ မုန့်တွေလာပို့တာ "

"အဟင်းး နောက်ကျနေပြီကိုကွယ်အားနာစရာ"

" အော် မလိုပါဘူး မမရာ ဒါနဲ့လေ ကျွန်တော့်ကို အိမ်ထဲမခေါ်တော့ဘူးလား "

" ဟင်"

" အဲ ဟိုလေ ချိုင့် အုန်းနို့ ချိုင့် တစ်ခါထဲ ပြနိယူသွားရအောင်ပါ လိုက်စောင့်ပေးမယ်လေ "

" အင်းး ဟုတ်ပါပြီ ဝင်ခဲ့နော် "

ဟူးးတော်သေးတာပေါ့ ဟယ်ရီမောင်တ‌စ်ယောက်တော့အပြောမကောင်းရင် ဒုက္ခကတော့လှလှနဲ့တွေ့တော့မယ်

ခြံတံခါးအား စိကာ အိမ်ထဲဝင်လာတော့ ဧည့်ခန့်ထဲ တွင်ထိုင်နေသော အန်တီတယောက် မမရဲ့မေမေဖြစ်မယ်

" မေမေ ဒီမယ် အိမ်ပြောင်းလာတဲ့သူ အိမ်နီးချင်းတွေကို မုန့်လိုက်ဝေတာတဲ့ "

မမ ရဲ့ပြောစကားကြောင့် စာအုပ်ဖတ်ရင်းထိုင်နေရာမှ မော့ကာကြည့်လိုက်သော အန်တီကို ဟယ်ရီ နှုတ်ဆက်လိုက်သည်

" မင်္ဂလာပါ အန်တီ ကျွန်တော်...အဲ....သမီးက မျက်စောင်းထိုး အိမ်ကိုပြောင်းလာတဲ့သူပါ "
ဟင်းးးး သေတော့မှာပဲ ငါတော့

နှလုံးသားစေရာWhere stories live. Discover now