Part 15

95 8 0
                                    

Unicode

ဒူ....ဒူ..ဒူ

မနက်ခင်း အစောကြီး အိပ်ရာထပ်မှမြည်လာသော ဖုန်းမြည်သံကြောင့် ဘယ်သူဆက်တာလဲ ကြည့်မိတော့ မောင့် ဆီက နာရီကြည့်လိုက်တော့ 5 နာရီသာရှိသေးသည်။

ဒီကလေးတော့ ဘာလုပ်မလို့ပါလိမ့် .....
" Hello "

" နိုး ပြီလား မမ "

" မင်းဖုန်းဆက်မှတော့နိုးပြီပေါ့လို့ "

" ဟားး"

" အောက်ဆင်းခဲ့ စက်ဘီးပတ်စီးမယ် စောစောလေး ခုဆင်းခဲ့နော် "

" အဲ....ခဏစောင့် "

"အနွေးထည်အပါးလေးဝတ်ခဲ့နော်အေးတယ်"

" အင်း ခဏစောင့် "

ဖုန်းအားချကာ မျက်နှာသစ်လိုက်ပြီး ချိတ်ထားသော အနွေးထည်အပါးလေးအား ဝတ်ကာ အောက်ထပ်သို့ဆင်းကာ လာတော့

တွေ့ပါပြီ အိမ်ရှေ့မှာ စက်ဘီးနဲ့စောင့်ကာ နေသော ငြိမ်းရဲ့ချစ်ရသူ .....

ငြိမ်းကို တွေ့တော့ လက်အားဝှေ့ယမ်းကာပြလာသည်။

ငြိမ်းလဲ ခြံတံခါးအား သေချာ ပိတ်ကာ ‌ောင့်နေသော သူဆီအပြေးသွားလိုက်သည်။

" မနက်အစောကြီးကို ဘယ်ကိုသွားမလို့လဲဟင် "

" ကမ်းနားလေ စက်ဘီးစီးပြီးသွားရအောင်လေနော် ခုချိန်က ကားတွေရှင်းသေးတယ် မမကို တင်နင်းမယ် နောက်ကနေပဲထိုင်လိုက် "

" နိုင်လို့လား "
ငြိမ်းက ဟုတ်ရဲ့လားဆိုတဲ့အကြည့်တွေနဲ့ ကြည့်ကာ ပြောတော့ ထိုကလေးမဟာ ခပ်ဖွဖွပြုံးကာ

" ကဲပါ ကိုယ့်ကောင်မလေးကိုယုံကြည်ထားလိုက် "

" ယုံလိုက်ပြီနော် အဲ့တာဆို "

ငြိမ်းလဲ စက်ဘီးနောက်ခုံတွင်ထိုင်ကာ ထိုကလေးမရဲ့ အကျီအား ဆုတ်ကာကိုင်ထားလိုက်သည်။

" သေချာ ကိုင်ထားပါဗျ ပြုတ်ကျသွားလိမ့်မယ် "

" ကျွန်တော်က တော့ မရပါဘူး "

ထိုကလေးဟာ အကျီအားဆုတ်ကိုင်ထားသော ငြိမ်း လက်တွေအား သူ့ခါးထက်တွင် ထပ်ကာ တင်ထားလိုက်သည်။

နှလုံးသားစေရာWhere stories live. Discover now