Chapter(22)💛

35 5 0
                                    

သက်တန့်ကသူမရဲ့ပြပွဲပြီးသွားသောအခါ အိမ်ပြန်ရန်ပြင်ဆင်လိုက်သည်။ကားပါကင်တွင်ရပ်ထားသောကားဆီသို့ သက်တန့်ရောက်သောအခါ မိမိရဲ့ကားရှေ့တွင် ပိတ်ရပ်ထားသော နန်းဆက်ရဲ့ကားကိုတွေ့လိုက်ရသည်။

"ဒီမှာဘာလုပ်နေတာလဲ နန်းဆက်"

"မင်းကိုစောင့်နေတာလေ"

"ပြပွဲမှာဘာလို့လာမတွေ့တာလဲ....."

"မင်းရဲ့အဖြေပဲ ကိုယ်သိချင်တာ။မင်းရဲ့ပြပွဲကိုစိတ်မဝင်စားဘူး"

"ရှင်ဟာ‌လေ..... တကယ့်ကို မလွယ်ဘူးပဲ။ဒီပုံစံကိုသက်တန့်ဘယ်လိုလက်ခံရမလဲ"

"မင်းနှစ်သက်လာဖို့ ကိုယ့်ပုံစံကိုပြုပြင်‌မပေးနိုင်ဘူး။ကိုယ်နဲ့ ပတ်သက်သမျှအရာရာကို မင်းလက်ခံပေးတာပဲ လိုချင်တယ်"

"ရှင်က မလွန်လွန်းဘူးလား။တရားမျှတမှုမရှိဘူးလို့ရော မတွေးမိဘူးလား"

"နည်းနည်းလေးမှမတွေးမိဘူး....."

နန်းဆက်ရဲ့ခပ်တည်တည်မျက်နှာဖြင့်ဖြေလိုက်သည့် ပြတ်သားသောအဖြေကြောင့် သက်တန့်ရဲ့ ခံစားချက်တို့ ခါးသက်သွားခဲ့ရသည်။ဒီလိုအရာတွေကို ရေရှည်မှာလက်ခံနိုင်ဖို့မသေချာပါ။

ဒါဆို နန်းဆက်ကို သက်တန့် ငြင်းလိုက်ရမလား........ဟင့်အင်း အဲ့ဒီလိုလည်းမဖြစ်ဘူး။နန်းဆက်ကို သက်တန့်လိုအပ်သည်။သူမနှင့် မတွေ့ရသည့် တစ်ပတ်အတွင်း ဘယ်လောက်အထိလွမ်းနေခဲ့ရသလဲ သက်တန့်ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်သည်။

ဘာလုပ်ရမလဲ သက်တန့်စဉ်းစားမရတာတော့ အမှန်ပဲဖြစ်သည်။ဒါပေမယ့် နန်းဆက်၏မျက်နှာကို ကြည့်မိပြန်တော့သူမကိုငြင်းဆန်လိုက်ဖို့လုံလောက်သောမျက်နှာပေးဖြစ်နေခဲ့ပြန်သည်။ဒါကြောင့် သက်တန့်အတွက် ဘယ်လောက်ပဲလိုအပ်နေခဲ့ပါစေ နန်းဆက်ကို ငြင်းဆန်ဖို့ ဆုံးဖြတ်လိုက်သည်။

"ဘာတွေစဉ်းစားနေတာလဲ ကလေးမ"

"ရှင့်ကိုဘယ်လိုဖြေသင့်သလဲလို့ စဉ်းစားနေတာ"

"အဲ့ဒီတော့ ......"

"ရှင့်ကိုမချစ်နိုင်ဘူး နန်းဆက်"

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now