4

1.2K 14 9
                                    

မနက်ခင်းရောက်ပြန်ပြီမို့ ရွှေဝါရောင်နေရောင်ခြည်တွေဟာ နောင် ကိုယ်ပေါ်ကိုကျရောက်လာလေသည်

"အင်း ကျစ် အ့"

အနည်းငယ်လူပ်တာနဲ့ မခံနိုင်အောင်ကိုနာလာတာမို့ နောင် လူပ်ရှားမူကို ရပ်တန့်လိုက်ရသည် သူ့ညာဘက်တွင် အိပ်နေသော ဦးနေမြတ်မဟာကတော့ အပေါ်ပိုင်းတွင် အ၀တ်မပါပဲ ၀မ်းလျားမှောက်လျက်အိပ်နေလေသည်
သူနာရတာမှ မဟုတ်ပဲ ကိုကသာ နာကျင်နေရတာ သူကဖြင့်အိပ်နေတာ ကုလားသေ ကုလားမော ဆင်နင်းတာတောင် သိမှာမဟုတ်ဘူး မနက်ဖြန်ဆို ကျောင်းတွေဖွင့်ပြီမို့ နောင်ခေါင်းစားနေလေပြီ သူကျောင်းတက်ချင်တယ် လူငယ်သဘာ၀ပျော်ပျော်ဖြတ်သန်းချင်တယ် ဒီလူကြီးက လူကိုဘယ်မှမလွှတ်ချင် အိမ်ထဲမှာပင် အကျယ်ချူပ်ချထားချင်နေပုံပင် နောင်ကိုဒီလိုလာလုပ်လို့မရဘူး သူ့ရဲ့ အားနည်းချက်ကို ရှာမှကိုရမှာ ဘာပဲဖြစ်ဖြစ်ပြောကြည့်ရမှာပဲ။ အရူံးမှ မရှိတာ ရတော့လည်းကောင်းတာပေါ့
"အင့် အဟင့် "
ဘာရယ်မဟုတ် အနိုင့်ကျင့်ခံရတာတေံးမိတော့ ရင်ထဲမှာလိူက်ကာ ၀မ်းနည်းပြီး အသံသေးသေးလေးနှင့်သာ ငိုမိလေသည်
"ဟင် ကလေး ဘာလို့လဲ ဘာဖြစ်တာလဲ"

မဟာနိုးနေတာကြာပြီမို့ ဘေးကကောင်လေး လူပ်စိစိလုပ်နေတာလည်းသိသည် မထနိုင်တာလည်းသိသည် သူ့ကိုတမင်နိုးပြီး အကူညီတောင်းအောင် အိပ်ချင်ဆောင်နေတာဖြစ်သည် မကြာလိုက်ခင်မှာပဲ တသိမ့်သိမ့်ရိူက်ငိုလာသူကြောင့်မထလို့မနေနိုင် ပြူးပြူးပြာပြာထလာရလေသည်
"ဟင်လို့ဘာလို့လဲလို့"
သူ့‌လက်မောင်းသားလေးကိုဆုပ်ကိုင်ကာ အသဲအသန်မေးနေသူအား နောင် မျက်စောင်းထိုးကာ။သူ့လက်အား ပုတ်ထုတ်လိုက်သည်
"မေးရဲတယ်နော် ခဗျား အတော် အ့ တရားကျဖို့ ကောင်းတဲ့လူ"
ကလေးငယ်စကားကြောင့်‌မဟာ သဘောကျစွာပြုံးမိလေသည်
"အဟွန်းသိပ်သိတာပေါ့ပြောပြရမလား"

"တော်လိုက်တော့ ခဗျား "
"အဟွန်း ဟုတ်ပါပြီ ခုတော့ လာမျက်နှာသစ်ရအောင်ကိုချီမယ်"
ပြောရင်းစွေ့ကနဲ ကောက်ချီသူကြောင့် သူ့လည်တိုင်တို့အား ခပ်ဖွဖွ အလိုက်သင့် ဖက်ထားလိုက်ရလေသည်
နောင်ရဲ့ တကိုယ်ရေသန်ရှင်းရေးကအစ ထွေလီကာလီ မနက်စာစားတဲ့ ထိအဆုံး သူကိုယ်တိုင်လိုက်လုပ်ပေးလေသည်

Lovely you(အချစ်များ မင်းအတွက်)(Ongoing)Where stories live. Discover now