7

308 8 5
                                    

မနေ့က ဟိုလူပြောတာ ဒီနေ့ဟန်းနီးမွန်းထွက်မှာမို့ တခါမှ မထစဖူး မနက်၅နာရီလောက်ထဲက နောင်နိုးနေလေသည် နိုးနေပေမဲ့ မျက်စိအစုံအား မဖွင့်သေးပဲ ခနတာ အကြော‌ဆန့်ကာ အငြောင်းအညာဖြေနေလေသည်

အင်း ဂျွတ်:.

အကြောဆန့်ကာ ကုတင်ထက်တွင်ထထိုင်ရင်း ဘေးကိုအကြည့်ကရောက်သွားလေသည် သူ့အမျိုးသားဆိုတဲ့ လူကြီးက ဘေးဘက်မှာ ရှိမနေ မနက်၅နာရီသာရှိသေးတာမို့ အပြင်ဘက်တွင် နေရောင်တောင် ကောင်းကောင်းမထွက်သေး အခန်းတွင်းတွင်တော့  အပြာရောင် မီးမိူင်းမိူင်းလေးကို ထွန်းထားလေသည် 
ကုတင်ထက်မှ ဆင်းကာ  ရေချိုးခန်းဆီသို့ ဦးတည်ရင်း သု့ဖို့ဆိုတဲ့ ခြင်းလေးထဲမှ သွားပွတ်တံကို။ယူကာ မျက်နှာသစ် သန့်ရှင်းရေး လုပ်လိုက်လေသည် သူခုမနက် ထလာတာ အခြားနေ့တွေနဲ့ မတူ ခေါင်းကသိပ်မကြည်ဖြစ်ကာ စိတ်ထဲတွင် ဘာကို အလိုမကျမှန်း မသိ
အခန်းထဲမှ ပြန်အထွက်တွင် ကုတင်ခြေရင်းဘက် ဗီထို အတွင်းမှ သူ့အ၀တ်အစားအချို့အား ခရီးဆောင်အိတ်ထဲထည့်နေသော ဟိုလူအား တွေ့လိုက်ရသည်မို့ ‌ေြခလှမ်းအစုံက ရပ်တန့်သွားလေသည်
"ကလေး လာ ဘာတွေ ထပ်ထည့်ချင်သေလည်း ကိုတော့ အကုန်ထည့်ထားတယ် အများကြီးမယူလည်းရတယ်  ဟိုကျမှ ၀ယ်မယ်
"ဘာဖြစ်ဖြစ် စိတ်မ၀င်စားဘူး လုပ်ချင်တာ လုပ်

သူ့အား ဘောက်စပ်စပ်ပြောကာ  ဆိုဖာပေါ်ထိုင်ပြီး Tvဖွင့်ဖို့လုပ်နေသူအားကြည့်ကာ မဟာ ပြုံးလိုက်လေသည်
"ဟုတ်ပြီ ကို့ကလေးလေး "

နောက်မှ လူဟာ သူ့ကို စကားတွေ တရစပ်ပြောနေပေမဲ့ နောင် အာရုံမထား ပြန်လည်းမပြော ဘောလုံးပွဲ လာနေတာမို့ ထို အထဲတွင်သာ စိတ်နှစ်ထားလိုက်လေသည်
ဘောလုံးပွဲလည်း အပြီး မဟာ လည်း အကုန်ပြင်ဆင်ပြီးချိန်တွင် မနက်၇နာရီ ထိုးခ့နီးနေလေသညါ

"ကလေး ထတော့ ရေချိုးခန်း၀င်တော့ ပြီးရင် မနက်စာစား မယ်"
ဟာ ဗျာ ကလေး‌ကလေးလာလုပ်မနေနဲ့ တကယ်ပဲ စိတ်ရူပ်တယ်
ထုံးစံအတိုင်းသူ့အား ဂျစ်ကန်ကန်ပြောကာ ရေချိုး ဖို့၀င်သွားသူအား သူခေါင်းယမ်းကာ ကြည့်လိုက်လေသည်

Lovely you(အချစ်များ မင်းအတွက်)(Ongoing)Where stories live. Discover now