ငိုရတာမောလွန်းလို့ ဘာမှမစားဘဲအိပ်ပျော်သွားတဲ့ အပြင် တင်းကြပ်စွာ ဖက်တွယ်ခံထားရတာကြောင့် အသက်ရူလို့ မ၀တော့ပေ မျက်၀န်းအစုံတို့ကို ဖြေးညှင်းစွာ ပွင့်လို့ မျက်စိအောက်တည့်တည့်တွင်ရှိနေသော နာရီအား လှမ်းကြည့်မိတော့ ည9နာရီ ပင်ကျော်နေလေသည် အခန်းတွင်းဟာ မီးလုံးလုံးပိတ်မထားပေမဲ့ မှိန်ပြပြ အပြာရောင် ညမီးသီးလေးသာ ထွန်းထား လေသည် ထိုကြောင့် မြင်ကွင်းတွေကတော့ လုံးလုံးရှင်းမနေ ခုမှ သူသတိထားမိတာက သူ့ကို တင်းကြပ်စွာ ဖက်ထားတာ ဟိုလူ ဘလို၀င်လာတာလဲတော့ မအံဩတော့ပါဘူး သူ့အိမ်ပဲလေ သူဖြစ်ချင်တာ ဘာမဆို ဖြစ်နိုင်တယ် တွေးရင်း ၀မ်းနည်းလာပြန်တာမို့ မျက်ရည်တို့က ကျလာပြန်သည် အိမ်ကို လွမ်းတယ် အရင်ကလွတ်လပ်ခဲ့တဲ့ ဘ၀လေးကိုပြန်လိုချင်တယ် အိမ်ထောင်သည်ဆိုတဲ့ နွံထဲကရုန်းထွက်ချင်တယ် သူ့မိဘတေွကိုလည်း အံ့ဩပါတယ် ဟိုလူနဲ့ ထည့်ပေးလိုက်ကတည်းက ဖုန်းတောင်တချက်မဆက်ခဲ့ သူ့ဘလိုနေမလဲ စိတ်မပူကြဘူးလား မသိပါဘူး သူက မားတို့ ကလေး အရင်းမဟုတ်တာများလား တွေးလေ၀မ်းနည်းလေမို့ ရိူက်သံတွေကို မထိန်းချူပ်နိုင်ပေ
'အင့် အဟင့် 'တုန်ခါနေသော ကိုယ်လေးနဲ့ ရိူက်သံ အချို့ကြောင့် Mahar အိပ်နေရာမှ အတင်း ကျုံးထလေသည် ဘေးနားရှိ ကလေးငယ်အား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ မျက်နာလေးအား ထိတ်လန့်စွာ ဆွဲယူကြည့်လေသည်
'ကလေး ဘာဖြစ်လို့လဲ ဘယ်နားက နာလို့လဲ
သူ့အားစိတ်ပူဟန်ပြနေသူအား မျက်စောင်းထိုးကာ မျက်နာလေးအား တဖက်လှည့်လိုက်လေသည်
"ကိုယ်တောင်းပန်ပါတယ် အချစ်ရယ် မင်းကို အရမ်းချစ်လို့ ကိုစိတ်မချလို့ပါ"
သူ့အား ဘာစကားမှ ပြန်ပြောမလာ သော ကိုယ်လေးအား ကုတင်ပေါ်ကို ညင်သာစွာ ချပေးကာ သူ့မျက်နာအား တဖက်လှည့်လိုက်လေသည် မျက်ရည်လို့ ထင်ရတဲ့ အရည် တစ်စက်ဟာ သူ့မျက်၀န်းအိမ် ညာဘက်ထောင့်မှ လိမ့်ဆင်းသွားလေသည်
"ကောင်းပြီ ကို့ အချစ်ရယ် မင်းလေးကကျောင်းတက်ခွင့်ပေးမှ စိတ်ချမ်းသာ မယ်ဆိုဆို ကိုယ်ခွင့်ပြုပေးမယ် ဒါပေမဲ့"
YOU ARE READING
Lovely you(အချစ်များ မင်းအတွက်)(Ongoing)
RomanceShort fic❣️ 💗နေမြတ်မဟာအောင်+မြတ်စစ်နောင်💗