Chapter 1

687 97 28
                                    

Unicode

အပူပိုင်းဆိုင်ကလုန်း

ချန်ဝမ်က သာမန် Volkswagenကားလေးဖြင့် လေဆိပ်အတက်အဆင်းလမ်းပေါ်သို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။

ဟိုင်မြို့ရှိ တိုင်ဖွန်းအချက်ပြ အဆင့်၈ သို့ မြင့်တက်ပြီးနောက် ပထမနေ့တွင် အပူပိုင်းလေဖိအားလည်း ၁၁၇အထိရောက်ရှိခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် လေဆိပ်ရိပ်သာလမ်း ဘေးနှစ်ဘက်ရှိ ထန်းပင်များနှင့် ဟောင်ကောင်သစ်ခွပင်တို့မှာ လဲပြိုနေလျက်ရှိပြီး လေကာမှန်ကို သန့်ရှင်းရေးလုပ်ရန် ကားရှေ့မှန်သုတ်တံအား အကြိမ်ကြိမ်အသုံးပြုခဲ့သော်လည်း မြင်ကွင်းအား ရှင်းရှင်းလင်းလင်း မြင်နိုင်ခြင်းမရှိတော့။

ရာသီဥတုမှာ အလွန်ဆိုးရွားနေပြီး T2 ရုံးချုပ်မှ ရာသီဥတုအစီရင်ခံစာများကို အကြိမ်ကြိမ် ထုတ်လွှင့်လျက်ရှိသည်။

"ယခုနှစ်အတွက် သတ္တမအကြိမ်မြောက် တိုင်ဖွန်း 'ရှန်းလု' မှာ ယနေ့နံနက် ၁၁ နာရီ ၃၆ မိနစ်တွင် မြို့၏ကမ်းရိုးတန်းသို့ ဝင်ရောက်လာခဲ့ပြီး အရှေ့တောင်မှာ အနောက်ဘက်စွန်းစွန်း သို့ ရွေ့လျားသွားခဲ့ပါတယ်"

"တိမ်တိုက်များ ထူထပ်အားကောင်းနေမှုကြောင့် မုန်တိုင်းမျက်လုံး၏ ပြင်ပအဝန်းအဝိုင်းမှာ လေတိုက်နှုန်း အမြင့်ဆုံး အဆင့် (၈) သို့ ရောက်ရှိလာခဲ့ပါတယ်။ နောက်ထပ် ခြောက်နာရီအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်မယ်လို့ ခန့်မှန်းရပြီး လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လာနိုင်ချေရှိသလို လိမ္မော်ရောင်အဆင့် မိုးသက်မုန်တိုင်းဟု သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဖွဲ့အစည်းများနဲ့ ဌာနဆိုင်ရာများအားလုံး သင့်တော်ကောင်းမွန်တဲ့ ကြိုတင်စီမံမှုများ ပြုလုပ်ထားကြဖို့ မျှော်လင့်ပါတယ်...."

ထုတ်လွှင့်မှုမှာ ပြည်မဘာသာစကား အင်္ဂလိပ်နှင့် ဟောင်ကောင်ဘာသာစကားတို့ဖြင့် တစ်လှည့်စီ ထုတ်လွှင့်နေသည်။

ချန်ဝမ် နာရီကို တစ်ချက်ကြည့်လိုက်ပြီး B3 အဆောက်အဦထဲသို့ ကွေ့ဝင်လိုက်ကာ ကားရပ်ရန် နေရာတစ်ခုကို မထင်မှတ်ပဲ ရှာတွေ့လိုက်ပြီး ထိုင်ခုံနောက်ကို မှီရင်း လက်တစ်ဖက်က စတီယာရင်ကိုကိုင်ကာ အခြားလက်တစ်ဖက်ကို ကားပြတင်းပေါ် တင်ထားလျက် ကိုယ်ဟန်အနေအထားမှာ သက်တောင့်သက်သာရှိလှသည်။ သူ၏ ကြည်လင်စူးရှသော မျက်လုံးများကမူ ရှေ့တည့်တည့်သို့ စိုက်ကြည့်နေလျက်။

ချီလော့လီဝေစီး ထံမှ ပြန်စာ Tempat cerita menjadi hidup. Temukan sekarang