တေးသွားသီငှက်ငယ် -အပိုင်း၂

58 4 0
                                    

🍁☘️🍁☘️
ဒေါ်မေသီရိ

မေ့‌မိဘများသည် နိုင်ငံပတ်၍ ဆန်စပါးကုန်သွယ်‌သူများဖြစ်သည်။ထို့ကြောင့်မေငယ်စဉ်က အဘိုးအဘွားများနှင့်ကြီးပြင်းခဲ့ရသည်။မေ့ဘဝသည် ဖူလုံသည်။မေ့တစ်ဘဝစာ အလုပ်လုပ်မလုပ်လျှင်ပင် အပူအပင်ကင်းစွာဖြင့်နေနိုင်သည်။ မေသည် စာသင်ကြားရခြင်းကို ဝါသနာပါ၍သာဆရာမလုပ်‌ခြင်းဖြစ်သည်။ သို့သော် စာသင်ချိန်၌ အာရုံများသည်ကို ခွင့်မလွှတ်တတ်ချေ။

ယခုလည်း ကျောင်းသားတစ်ယောက်သည် ပြတင်းပေါက်အပြင်ကို ငေးနေသည်။
" ဒုတိယတန်းက သားလေးထပါဦး"စာရှင်းပြနေရင်း သည်းမခံနိုင်စွာ မေပြောလိုက်သည်။
တစ်ခန်းလုံးမှ ကျောင်းသူကျောင်းသားများကျောများမတ်သွားကြသည်။ ထိုကျောင်းသားလည်း ကိုယ့်အပြစ်ကိုယ်သိ၍ထရပ်လေသည်။
"ဆရာမကို နောက်တစ်ပိုဒ်ကို ဖတ်ပြ။‌ပြီးရင်အဓိပ္ပာယ်ရှင်းပြ သား" အနည်းငယ် ‌စိတ်ရှုပ်သွားသော်လည်း မေ့အသံသည် ချိုသာမြဲဖြစ်သည်။ ထို့နောက်စာမေးသည်ဟု နာမည်ကြီးသော ‌ဆရာမဒေါ်မေသီရိ‌သည် ကိုယ်တိုင်စာမရှင်းပြတော့ဘဲ ကျောင်းသူကျောင်းသားများကိုသာ တစ်ယောက်ပြီးတစ်ယောက် ထ၍ရှင်းပြခိုင်းတော့သည်။
☘️🍁☘️🍁

ဝေဝေ

ဝေ့ဘဝတွင် မေမေသည် အရေးအပါဆုံးဖြစ်သည်။ ဝေမွေးခါစကပင် ဖေဖေ ဆုံးသွားသဖြင့် ဝေသည် မေမေတစ်ကမ္ဘာဖြစ်ခဲ့ရသည်။ ဝေ့မေမေ ဒေါ်သက်ခိုင်သည် တစ်ဦးတည်းသော သမီးဖြစ်သူဝေကိုလိုလေသေးမရှိထားခဲ့သည်။ ဝေသည် တစ်ဦးတည်း သီးသန့်ဆန်ဆန် နေတတ်သည်။ မည်သူ့ကိုမျှ မယုံကြည်တတ်သဖြင့် ဝေ့တွင် ဆိုးတူကောင်းဖက် သူငယ်ချင်း သက်လွင်တစ်ယောက်သာရှိ‌လေသည်။ ဝေသည် ချောမော၍ စာကြိုးစားသည်။ အေးချမ်းစွာနေတတ်သော ဝေ့ဘဝသည် နွေနေ့လယ်တစ်ခု၌ ဒေါ်မေသီရိဟူသည့် ဆရာမနှင့် တိုက်မိကာ တစ်ဆစ်ချိုး ပြောင်းလဲခဲ့တော့သည်။

"မိဝေ" စာမေးနေသော ဆရာမဒေါ်မေသီရိထံမှ ခေါ်သံထွက်လာသည်။ ဝေမျက်လုံးပြူးသွားသည်။ ဆရာမက ဒီနေ့မှ စဝင်တာမဟုတ်လား။ ရှေ့ကစာမေးခံရသော ကျောင်းသားများကိုလည်း လက်ညှိုးထိုး၍ ထခိုင်းခဲ့သည်လေ။ ဝေ့မှာအသံတုန်မသွားအောင်ကြိုးစား၍ ဖတ်ပြခဲ့ရသည်။ စာဆိုပြီးနောက် ဆရာမကို တစ်ချက်ကြည့်မိသည်။

တေးသွားသီငှက်ငယ်Where stories live. Discover now