၂၀၁၆၊ ဖေဖော်ဝါရီ ၂ရက်၊ အင်္ဂါနေ့
ယနေ့ သက်လွင်တို့ ကျောင်းတော်ကြီးတွင် စုံညီပွဲတော် ကျင်းပနေသည်။ သက်လွင်ကတော့ ဝေ၏ သက်တော်စောင့် လုပ်နေရ၍ ဘာမှမစားရသေးပါ။ မျက်နှာငယ်လေးနှင့် ဈေးတန်းများဘက်ကို ငေးလိုက် ဆုတစ်ခုပြီး တစ်ခုတက်ယူနေသော သက်လွင်၏ အချစ်ဆုံးသူငယ်ချင်းကို လက်ခုပ်တီး အားပေးလိုက်နှင့်။ သက်လွင် ဗိုက်ဆာနေသော်လည်း ဝေ့ကိုတစ်ယောက်တည်း မထားရက်နိုင်ပါ။
စင်ပေါ်မှဝေ့အတွက် ထိုင်ခုံပေါ်တက်၍ လက်ခုပ်တီးနေရင်း သက်လွင်၏ နောက်ကျောမှ အင်္ကျီစ လေးလံလာ၍လှည့်ကြည့်လိုက်မိသည်။ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းနှင့် ကလေးမလေးက သက်လွင်ကို အတင်းထိုင်ခိုင်းနေ၏။
" မမသက် မြတ်တို့ မမြင်ရတော့ဘူး ရှေ့ကနေပြီးတော့ ထိုင်ကြည့်ပါ"
"အမယ် မမသက်ဆိုပါလား" သက်လွင်တွေးနေရင်း ညစ်ချင်လာသည်။
" ညီမလေးတို့နဲ့ မမနဲ့ သိလို့လား"
" မမက မကြီးဝေဝေနဲ့ ပေါင်းတဲ့ မသက်လွင်လေ။ စာတော်တဲ့ နာမည်ကြီးတွေလေ မြတ်တို့အားလုံး မမတို့ကိုသိပါတယ်"
ဒီလိုဆိုတော့လည်း သက်လွင်တို့က မြောက်ကြွမြောက်ကြွ ဖြစ်သွားပြန်သည်။
"ဒါနဲ့ မင်းတို့က ဘယ်အတန်းကလဲ" ရှေ့ကို ကြည့်နေရင်း နောက်ကိုဇတ်ကနဲ လှည့်၍ ပြောလိုက်သဖြင့် သက်လွင်၏ စုစည်းထားသော ဆံပင်များဖြင့် ထိုကလေးကိုရိုက်မိသွားသည်။ ထိုကောင်မလေးက မျက်နှာကို လက်ကလေးနှင့် ကိုင်ရင်း
" သမီးတို့က ၇တန်း A ကပါ"
"နာမည်က"
" သမီးက မေမြတ်သွင် သူက သင်္ကြန်မိုး" ကလေးမလေးက သူ့ကိုယ်သူ နှုတ်ဆက်ရင်း သက်လွင်ကို ပေါင်မုန့်ကလေးတစ်ခု ကမ်းပေးလာသည်။ သက်လွင်ပြုံးကာယူလိုက်ရင်း
"ကျေးဇူးပါနော် နောက်တစ်ခါကျ မမက မုန့်ဝယ်ကျွေးပါမယ်"
"ဟုတ်ကဲ့" ကလေးမလေး နှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်နေကြသည်။ဝေ၏ ဆုတစ်ဆုက နောက်ဆုံးမှရသဖြင့် သက်လွင် ခါးတောင့်အောင် စောင့်လိုက်ရ၏။ သို့သော် မုန့်ဈေးတန်းတစ်သီတစ်တန်းကြီးက စည်ကားစွာဖြင့် သက်လွင်ကို စောင့်နေသေး၏။ သက်လွင် ကလေးမလေးနှစ်ယောက်ကို မုန့်ဝယ်ကျွေးရန် နောက်ကိုလှည့်ကြည့်လိုက်သည်။ ထိုကလေးများက ဘယ်ချိန်ထထွက်သွားမှန်း မသိ။ သက်လွင် ဝေဆင်းလာမည့် ဆုပေးစင် နောက်ဘက်သို့သာ ပျော်ရွှင်စွာ ပြေးလာလိုက်၏။
YOU ARE READING
တေးသွားသီငှက်ငယ်
言情လှပသော သာယာသော နွေဦးနေ့လယ်ခင်းတစ်ခု၌ ကျွန်မသူနှင့်ဆုံတွေ့ခဲ့၏။ သူ.....သူသည် နူးညံ့သော အသွင်နှင့် ရဲရင့်ပြတ်သားသော မျက်လုံးပိုင်ရှင် အမျိုးသမီးတစ်ဦးပင်။