Chapter 1

174 16 2
                                    


ကားမှန်ပြတင်းမှတစ်ဆင့်ဝင်ရောက်လာသည့်
မိုးဦးလေအေးများသည်
အစိုဓာတ်ကိုအပြည့်အဝဖမ်းငုံ၍
ဂျယ်ယွန်း၏မျက်နှာထံ
အလုအယက်ပွေ့ဖက်လာခဲ့သည်။
လေစိမ်းတို့ကြောင့်
ချွန်မြမြနှာတံတစ်လျှောက် ထုံထိုင်းလာသည့်တိုင်
ပြတင်းပေါက်ကိုပိတ်ဖို့ အတွေးမဝင်မိ။

နောက်ဆက်တွဲကျဆင်းလာသောမိုးရေတို့
သူ့ခန္ဓာကိုယ်ထက်စိုရွှဲလာသော်လည်း
ဂျယ်ယွန်း မလှုပ်မယှက်ဖြင့်ငြိမ်နေမိဆဲပင်။
သစ်ရွက်စိမ်းရနံ့နှင့်မြက်ရိုင်းနံ့ထုံမွှမ်းသော
ဝဿန်ကြိုခါစမိုးပုဆိန်တို့၏အထိအတွေ့ကို
သူနှစ်သက်သည်။

"သား မိုးအရမ်းအေးတယ်
မှန်ပိတ်ချင်ပိတ်ထားလေ"

"ရတယ် မိုးရွာတာကိုခဏကြည့်ချင်လို့"

စိုစွတ်သောကတ္တရာလမ်းမနှင့်
ခပ်ငြိမ့်ငြိမ့်ပြေးလွှားနေသောကားဘီးများ၏
ပွတ်တိုက်သံသည် ဂျယ်ယွန်းနားထဲ
ကျယ်လောင်နေသလိုပင်ထင်မိ၏။

ဆိုလ်းနှင့်ဝေးကွာလာသည်နှင့်အမျှ
တစ်ဖြည်းဖြည်းနီးကပ်လာသည့်
နယ်မြို့ငယ်၏အငွေ့အသက်များသည်
ဂျယ်ယွန်းအား လျော့ရဲရဲထွေးပွေ့လာခဲ့သည်။
လမ်း၏ဝဲယာနှစ်ဖက်လုံးတွင်
မျက်စိတစ်ဆုံးတွေ့လာရသော
လိမ္မော်ခြံစိုက်ခင်းများက
လိမ္မော်သီးမကြိုက်သောဂျယ်ယွန်းအတွက်
ထူးထူးခြားခြားဝမ်းသာစရာတော့ မဖြစ်မိပါလေ။

မိုးစက်များ မြေပြင်နှင့်ထိခတ်၍
ဖြာထွက်လာခဲ့သောမိုးရေအစုအဝေးသည်
မြူထုများအဖြစ်ပြောင်းလဲကာ
ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ အုပ်မိုးလာခဲ့သည်။
အနိမ့်အမြင့်မညီသောချိုင့်ဝှမ်းလွင်ပြင်များနှင့်
မီးခိုးအူနံ့သင်းနေတတ်သော ယာခင်းများအား
မိုးနှင်းမြူထုကြားတွင် မသဲမကွဲလှမ်းမြင်နေရ၏။

မှိုင်းပြသောမြင်ကွင်းတွင်
အသက်ရှုရခက်ခဲသလိုခံစားလာရသည်ကြောင့်
ပြတင်းမှန်ကို သူခပ်သွက်သွက်ပိတ်လိုက်မိသည်။

"စခန်းကမြို့စွန်မှာပေမယ့် မြို့ကလေးက
ကျဉ်းကျဉ်းလေးသားရဲ့...
သားအပြင်ထွက်ချင်ရင် ခဏနဲ့မြို့ထဲရောက်မှာ၊
ပျင်းနေရမယ်လို့တော့ မေမေမထင်ဘူး"

Love Wins All  { Jekjeng }Where stories live. Discover now