Chapter 5

111 18 6
                                    


လိမ္မော်အရသာဖျော်ရည်မှာ ဂျယ်ယွန်းခံတွင်းထဲ
ချိုအီအီနှင့်စီးဆင်းလို့သွားသည်။
ဖန်ခွက်၏မျက်နှာတွင်
အစုလိုက်တွယ်ကပ်နေသော ရေပေါက်တစ်ချို့ကြောင့် သူ့လက်ဖဝါးပင်
စိုစွတ်အေးစက်သွားလေသည်။
လက်ကျန်ဖျော်ရည်များအားဆက်မသောက်ဖြစ်ပဲ
ဖန်ခွက်ကိုကိုင်ထားရင်း လှေကားလက်ရန်းပေါ်
တွားသွားလျှက်ရှိနေသည့် ပုရွက်ဆိတ်တန်းအား
ငေးကြည့်နေမိသည်။

"ကျောင်းမှာဘယ်လိုလဲသား
သူငယ်ချင်းတွေရနေပြီလား"

ဂျယ်ယွန်းအမေသည် ရေပန်းကရားတစ်လုံးနှင့်
ဝရန်တာရှိပန်းအိုးအချို့အားရေလောင်းရင်း
ဂျယ်ယွန်းကိုမေးခွန်းထုတ်လာသည်။

ဂျယ်ယွန်းသည်
လိမ္မော်ရည်တို့လှုပ်ခတ်သွားသည့်အထိ
ဖန်ခွက်ကိုလွှဲယမ်းကာ ခုံပုလေးတစ်လုံးကိုဆွဲ၍
မိခင်ဖြစ်သူအနားသွားထိုင်လိုက်သည်။

"အင်း အတန်းခေါင်းဆောင်ကတော့မဆိုးပါဘူး
ကျန်တဲ့သူတွေကတော့ မပြောတတ်ဘူး"

"ဒါနဲ့ တောထဲကနေ သားကိုခေါ်လာပေးတယ်ဆိုတဲ့
ကောင်လေးရော...
သားနဲ့အတန်းတူတူပဲလား"

ဂျယ်ယွန်း၏မျက်လုံးတို့ ဝိုင်းစက်သွားသည်။
ချွေးစေးတို့ပေနေသည့်လက်ဖဝါးအား
ဘောင်းဘီစဖြင့်သုတ်လိုက်ပြီး
အရေးမကြီးသည့်လေသံမျိုးဖြင့်။

"အော် သူ့ကိုလည်းတွေ့ပါတယ်"

"သူနဲ့သားမခေါ်ဘူးလား"

ဂျယ်ယွန်း၏အမေသည်
ရေပန်းကရားရှိလက်ကျန်ရေစက်များအား
ခပ်ဆတ်ဆတ်ခါထုတ်၍ ဂျယ်ယွန်းဘက်သို့
စောင်းငဲ့ကြည့်လာသည်။

"ဒီလိုပါပဲ"

သူကအနိုင်ကျင့်ခံနေရတော့
သူနဲ့မပေါင်းချင်ဘူးလေ။
ဂျယ်ယွန်းသည် ခြံထောင့်ရှိနှင်းဆီခြုံအား
တွေဝေစွာငေးကြည့်ရင်း စိတ်ထဲကရေရွတ်မိသည်။

သူ့အတွေးတို့အား မိခင်ဖြစ်သူကြားလျှင်
မည်သို့တုန့်ပြန်လိမ့်မည်မသိ။
ခန့်မှန်းရခက်သောအမျိုးသမီးဖြစ်သော်လည်း
သားဖြစ်သူကိုအမြဲနားလည်ပေးတတ်သော
မိခင်တစ်ဦးလည်းဖြစ်သည်။
သို့တိုင် သို့တိုင်...
သူကြုံတွေ့နေရသည့်ကိစ္စတိုင်းအား
မိခင်ဖြစ်သူကိုပြောပြလို့ဖြစ်ပါရဲ့လား။
ကိုယ်စွမ်းကိုယ်စနည်းသော
အားနည်းသည့်ယောကျာ်းတစ်ယောက်ဟု
ထင်မြင်သွားမည်ကိုလည်း
ဂျယ်ယွန်းကြောက်ရွံ့သည်။

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: May 08 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

Love Wins All  { Jekjeng }Kde žijí příběhy. Začni objevovat