Part 4 ♡

891 98 10
                                    

(Unicode)

မနက်ရှောင်းကျန့်နိုးလာပြီးမျက်လုံးဖွင့်ဖွင့်ချင်ရင်းနှီးနေတဲ့အခန်းကြောင့် ဟိုက်ခွမ်းကောအခန်းကိုရောက်နေတယ်ဆိုတာကိုသိလိုက်ရတယ် ညကအရှိန်ကြောင့် ရှောင်းကျန့်ကထိုးကိုက်နေတဲ့ခေါင်းကိုခါရင် တစ်ကိုယ်ရေးသန့်ရှင်းရေးကိုအရင်လုပ်လုပ်လိုက်တယ် အမူးပြေသံပရာရည်‌တစ်ခွက်လောက်သောက်ပြီးမှ အလုပ်သွားဖို့စဉ်းစားလိုက်ရင် အခန်းပြင်ထွက်လာတော့ ဆိုဖာပေါ်ဖက်အိပ်နေတဲ့အချစ်ငှက်နှစ်ကောင်ကြောင့် ရှောင်းကျန့်ကနှုတ်းခမ်းမဲ့လိုက်မိတယ် တစ်ယောက်ကိုတစ်ယောက်ဖက်ထားလိုက်တာများအမြင်ကိုကပ်တယ်

ရှောင်းကျန့်ကအခန်းထဲကစောင်ကိုပြန်ယူပြီး ကျိုးချန်နဲ့ဟိုက်ခွမ်းကောအပေါ်ခြုံပေးလိုက်ပြီး အလုပ်ကိုသာထွက်လာလိုက်တော့တယ် သံပရာရည်လဲ entertainment ဘေးက coffee shop မှာသာဝယ်သောက်ဖို့ဆုံးဖြတ်လိုက်တယ်

~~~~~~~~~~

ဒေါက်!! ဒေါက်!! ဒေါက်!!

ရှောင်းကျန့်ကအချိန်တော်ကြာတံခါးခေါက်နေပေမယ့် အခန်းထဲကဘယ်သူမှထွက်လာပြီးမဖွင့်ပေးတာကြောင့် မီလီကျဲပြောပြထားတဲ့ ရိပေါ်ရဲ့အခန်း password ကိုနှိပ်ပြီးဝင်လာလိုက်တယ်

ရှောင်းကျန့်အခန်းထဲရောက်တော့ ဆို‌ဖာပေါ်ခြေချိတ်ထိုင်ပြီး ဂိမ်းဆော့နေတဲ့ ရိပေါ်ကိုတွေ့လိုက်ရတာကြောင့် စိတ်အတော်လေးဆိုးသွားရတယ် အခန်းထဲရှိနေရက်နဲ့သူကိုတမင်သက်သက်တံခါလားမဖွင့်ပေးတာဘာသဘောလဲ

"ရောက်လာတာစောသားပဲ နောက်ဆိုရင်ဒီတိုင်းပဲဝင်လာလိုရတယ် လက်နာခံပြီးတံခါးခေါက်မနေနဲ့ ဒီအခန်းထဲမီလီကျဲ ၊ ချန်းမင်းနဲ့မင်းပဲဝင်ခွင့်ရှိတာ"

"ဟုတ်ကဲ့ ကျွန်တော်မှတ်ထားလိုက်ပါမယ်"

"ရော့ ဒါမင်းလိုက်နာမယ်စည်းကမ်းချက်တွေပဲ"

ရှောင်းကျန့်ကဝယ်လာတဲ့သံပရာရည်ခွက်ကိုစားပွဲပေါ်တင်လိုက်ပြီး ရိပေါ်စားပွဲပေါ်တင်လာပေးတဲ့စာရွက်ကိုယူပြီး သေချာဖတ်ကြည့်လိုက်တယ် ဖတ်နေရင်းမှ ရိပေါ်ချမှတ်ထားတဲ့စည်းကမ်းချက်တွေကြောင့်ရှောင်းကျန့်မှာပါးစပ်းအဟောင်းသားနဲ့ ကြောင်အ သွားရတယ် ဘယ်လိုစည်းကမ်းချက်‌ကြီးတွေလဲမသိဘူး ရှောင်းကျန့်Stylist ဖြစ်လာတဲ့တစ်လျှောက်လုံး ဒီလိုအူ‌ကြောင်ကြောင်စည်းကမ်းတွေချက်ချမှတ်တက်တဲ့မင်းသားနဲ့ပထမဆုံးကြုံဖူးချင်ဖြစ်တယ် သူဘဝမှာဒီလိုမျိုးမကြုံဖူးသလို ကြုံတွေ့ရလိမ့်မယ်လိုလဲရှောင်းကျန့်ကမထင်ထားမိဘူး

Falling In Love To My Stylist (ongoing)Where stories live. Discover now