Part 9 ♡

1K 86 9
                                    

(Unicode)

ဦးခေါင်းထက်ကပျော့ပြောင်းနေတဲ့ဆံပင်ကိုလက်နဲ့ဆွဲစုတ်ရင် ဆွံ့အ နေတဲ့ရိပေါ်နဲ့ မျက်နှာနီရဲတဲ့အထိဒေါသထွက်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ယွီချန်းမင်းမှာအသက်တောင်အောက်ထားမိတယ် ဒီနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေလိုက်တာများ ဆွဲတော့မထိုးလောက်ကြဘူးမလား

"နှစ်ယောက်စလုံးစိတ်လျှော့...."

"မင်းစောက်ပါးစပ်ကိုပိတ်ထား!!"

"ရိပေါ်ကတကယ်ကိုပြောလိုဆိုလိုမရတဲ့အထိကို ရိုင်းစိုင်းနေတာပဲ"

"ကျစ်!! ကိုယ်မင်းကိုဘာပြောရသေးလိုလဲ ကိုယ်ကိုအရိုင်းအစိုင်းလိုပြောနေရအောင်"

"ကျွန်တော်ကိုပြောမှရိုင်းစိုင်းတယ်လိုသတ်မှတ်တာမှမဟုတ်တာ ရိပေါ်ချန်းမင်းကိုဒီလိုပြောဆိုနေတာကလဲရိုင်းစိုင်းတာပဲလေး ကျွန်တော်တို့ကိုနည်းနည်းပါးပါးလဲလေးစားပေးပါဦး"

"ထားလိုက်တော့!! ဒီတစ်ခါတော့ကျော်သွားပေးလိုက်မယ် နောက်တစ်ခါတော့မရဘူးနော်"

ရိပေါ်ကပြောပြီးတာနဲ့ မှန်တင်ခုံရှေ့မှာပြန်ထိုင်လိုက်တယ် သူဘက်အရင်မလျှော့ရင်ရှောင်းကျန့်ဘက်ကလည်းလျှော့မယ်ပုံမပေါ်တာကြောင့် ရိပေါ်ကပဲလျှော့ပေးလိုက်ရတယ် ရှောင်းကျန့်နဲ့တွေ့မှာပဲ ရိပေါ်ရဲ့တင်းနေတဲ့အကြောတွေလဲအကုန်ပြတ်သွားရပြီးထင်တယ်

"ဒါဆိုခဏကကျွန်တော်ပြောတဲ့အတိုင်း ရိပေါ်ရဲ့ဆံပင်ကိုနည်းနည်းတိုတိုလေးညှပ်ပေးနော်ချန်းမင်း"

"ဟ!! ဘာကိုဆံပင်ညှပ်မှာလဲ ဒီအတိုင်းဖြစ်တဲ့ပြသနာကိုကျာ်သွားပေးမယ်လိုပြောတာ ဆံပင်ညှပ်မယ်လိုပြောတာမဟုတ်ဘူး"

"နေပါဦး ဆံပင်လေးနည်းနည်းညှပ်တာကို ရိပေါ်ကဘာဖြစ်နေတာလဲ ပြန်မရှည်မှာလဲမဟုတ်ပဲ"

ရိပေါ်ဘက်ကအရင်လျှော့ပေးလိုက်တာမို့ အဆင်ပြေပြီးထင်နေတဲ့ရှောင်းကျန့်က တစ်ဖန်ပြန်စလာတဲ့ရန်ပွဲကြောင့် ဒေါသပြန်ထွက်လာရတယ် ရိပေါ်ကဘယ်သူဘက်လိုက်လို့ ဒီလောက်ထိလက်ပေါက်ကန့်နေလဲဆိုတာကို ရှောင်းကျန့်ကတကယ်ကိုနားမလည်းနိုင်ဘူး

Falling In Love To My Stylist (ongoing)Where stories live. Discover now