Part 8 ♡

840 105 3
                                    

(Unicode)

သူ့ပုခုံးနဲ့လည်ပင်းကြားမျက်နှာအပ်ထားရင်း ပွတ်သပ်နေတဲ့ရိကြောင့် ရှောင်းကျန့်ကနည်းနည်းလေးမှတောင်မလှုပ်ရဲဘူး နောက်ပြီးရိပေါ်ကသူကိုသဘောကြတယ်ဆိုတာကိုလည်းရှောင်းကျန့်ကတကယ်မယုံကြည်နိုင်သေးဘူး

"ကျွန်တော်ကတော့ ရိပေါ်ကျွန်တော်ကိုသဘောကြတယ်ဆိုတာကိုမယုံပါဘူး"

"Why??"

"ကျွန်တော်တို့ကြားကဆက်ဆံရေးက အစတွေ့ထဲကကောင်းတာမှမဟုတ်တာ ဒါကိုရိပေါ်ကကျွန်တော်ကိုသဘောကြတယ်ဆိုတာကို ကျွန်တော်ကဘယ်လိုယုံရမလဲ မဖြစ်နိုင်တာကြီးကို ကျွန်တော်ကိုဒီလိုမျိုးပုံစံနဲ့တော့အနိုင်မကျင့်ပါနဲ့"

"ကျစ်!! ဒီဦးနှောက်သေးသေးလေးကအရေးမပါတာတွေပဲတွေးတက်လာတာဟမ်း!! ခဗျားအပေါ်ကျွန်တော်ဘယ်လိုစိတ်ရှိလဲဆိုတာ ကျွန်တော်ကိုယ်ကျွန်တော်သိတယ် ဒီကောင်ကခဗျားကိုသဘောကြရုံပဲ့မဟုတ်ဘူး ရူးလောက်အောင်ကိုချစ်နေတာ ရှင်းပြီးလား!!"

"ဟမ်း!!"

ရိပေါ်ရဲ့စကားအဆုံးရှောင်းကျန့်က စွံ့အ သွားရပြီး ဘယ်လိုတုန်ပြန့်ရမလဲဆိုတာကိုမနည်းစဉ်းစားနေရတယ် သူအနေနဲ့မြင်မြင်အချစ်ကိုမယုံကြည့်တာမျိုးမဟုတ်ပဲ စတွေ့ထဲကသူကိုအမြင်မကြည့်တဲ့ရိပေါ်က သူကိုချစ်တယ်ဆိုတာကိုပဲ ရှောင်းကျန့်ကမယုံကြည့်နိုင်ဖြစ်နေတာရယ် သူပါးနဲ့မားဆိုရင်လဲ မြင်မြင်ချင်သဘောကြခဲ့ပြီး ညားခဲ့ကြတာပဲ ကျိုးချန်နဲ့ဟိုက်ခွမ်းကောဆိုရင် တစ်ယောက်ကိုတစ်ယောက်မြင်မြင်သဘောကြသွားပြီး တွဲဖြစ်ခဲ့ကြတာပဲ့ ဒါပေမယ့် သူနဲ့ရိပေါ်က မြင်မြင်ချင်းသဘောကြဖို့နေနေသာသာ တစ်ယောက်ကိုတစ်ယောက်အမြင်မကြည်ခဲ့ကြတဲ့သူတွေမလား

"ကျွန်တော်ကတော့ ရိပေါ်ကိုမချစ်...."

"ပြွတ်!!"

"အာ့!!"

ရှောင်းကျန့်ကပြတ်ပြတ်သားသားပဲရိပေါ်ကိုငြင်းဖို့ဆုံးဖြတ်လိုက်ပေမယ့် မထင်မှတ်ထားတဲ့ရိပေါ်ရဲ့လုပ်ရက်ကြောင့်မျက်လုံးပြူးသွားရပြီး အထိပ်တလန့်ဖြစ်သွားရတယ်

Falling In Love To My Stylist (ongoing)Where stories live. Discover now