one

296 34 28
                                    


ညဦးပိုင်းတွင် မိုးတစ်ပြိုက်နှစ်ပြိုက် ကျသွားသည်ကြောင့် မနက်ခင်းတွင် စိုစွတ်ကာ ခပ်အေးအေးလေးဖြင့် အိပ်ရာထဲတွင်ဇိမ်ယူလို့အလွန်ကောင်းလှသည် ၊ သို့သော်လည်း သူမတို့အဖို့ဒီလို ဇိမ်ခံနေဖို့အချိန်မရှိလှ ၊ လွန်ခဲ့တဲ့အပတ်ကတည်းက အရေးပိုင်မင်းကြီးပြောထားခဲ့သော အရေးကြီးဧည့်သည်ဆိုသူမှာ ဒီနေ့ရောက်လာ​မည်ဖြစ်ရာ အိမ်ကြီးထဲသို့သန့်ရှင်းရေးတစ်ပြန်ထပ်လုပ်ရဦးမည်ဖြစ်သည် ၊

" ဟဲ့ မိလဲ့ နိုးရင်လဲထတော့တော် အချိန်ကမစောတော့ဘူး "

" ထပါပြီဟယ် "

ဖြည်ချထားသည့် ဆံပင်ရှည်ကြီးအားဘီးဖြင့်ပတ်ကာ ဆံထုံးထုံးလိုက်ပြီး လုံချည်အားပြင်ဝတ်ကာ မျက်နှာသစ်ခြင်းအမှုကိုစရတော့၏ ၊

" ဒီနေ့ရောက်လာမဲ့ဧည့်သည်က အဂ်လိပ်မျက်နှာဖြူလူမျိုးဆို "

" ဟေ ဟုတ်သလား ဒါကိုညည်းဘယ်ကကြားခဲ့တုန်း "

" အရေးပိုင်မင်းကြီးရဲ့လူယုံ ဦးဂျော့လားသူနဲ့ကြီးတော်တို့ပြောနေတာကို မနေ့ညကကြားခဲ့တာ "

" စိတ်ညစ်ပါ့အေ အဂ်လိပ်မျက်နှာဖြူသာဆို သူကလဲငါတို့စကားနားမလည် ငါတို့ကလဲသူ့စကားမသိနဲ့ဟုတ်ပေ့ရှိမယ် "

" အရေးကြီးဧည့်သည်ဆိုတော့ အရေးပိုင်မင်းကြီးရဲ့မိန်းကလေးများဖြစ်နေမလားလို့ "

ထိုအခါသူမလဲ ခပ်တွေတွေဖြစ်သွားရ၏ ၊ အရေးပိုင်မင်းကြီးမှာ ​ဗမာစစ်စစ်ဖြစ်သော်လည်း တိုင်းတပါးတွင်အချိန်အတော်ကြာနေထိုင်ခဲ့သူဖြစ်သည် ၊ နေမထိလေမထိအလုပ်ကြမ်းများလဲ မလုပ်ခဲ့ရသူမလို့ အသားအရေ ဖြူဖွေးကာ ရုပ်ရည်မှာလဲအတော်လေးကြည့်လို့ကောင်းလှသည် ၊ မဟုတ်တောင် ရွှေဘုံစံမင်းသားလေးမလို့ တိုင်းတပါးကမိန်းကလေးနှင့်ချစ်ကြိုးသွယ်လာသည်မှာ မယုံနိုင်စရာတော့မဟုတ် ၊

" ဘာဘဲဖြစ်ဖြစ် ကျုပ်တို့အမှားမလုပ်မိဖို့တော့အရေးကြီးတယ် မလာခင်ကတည်းကအရေးကြီးဧည့်လို့ကြိုပြောထားပြီး အိမ်ကြီးထဲကိုသန့်ရှင်းရေးလုပ်ခိုင်းတာလဲ နှစ်ရက်တောင်လေ...ဒီနေ့လဲလိုအပ်တာတွေပြန်စစ်ရဦးမယ်မဟုတ်လား "

ပိတောက်ထက် သစ္စာရှိပါမည်Where stories live. Discover now