two

170 27 46
                                    

အားလုံးမျှော်လင့်နေခဲ့သည့် သင်္ကြန်ပွဲတော်သည် ယနေ့တွင် ကျရောက်ခဲ့ပြီဖြစ်သလို မနေ့ညကသင်္ကြန်မိုးပြေးကလေးမှာ စိုရုံမျှပက်ဖျန်းသွားသည်ကြောင့်လဲ ခြံထဲရှိပိတောက်ပင်ကြီးတွင် ပိတောက်ပန်းများဝါဝါထိန်အောင် ပွင့်နေတော့သည် ၊

ပုံမှန်အားဖြင့် ပိတောက်ပန်းပွင့်လျှင်သူ့ထပ်ငါအပြိုင် အလုအယက်ခူးယူကာ သဘောကျသည့်မိန်းကလေးအားပထမဆုံးပေးတတ်ကြသော်လည်း ယခုမူ အရေးပိုင်မင်းအိမ်မှပိတောက်ပင်ဖြစ်သည်ကတစ်ကြောင်း ၊ ပိတောက်ပင်ပေါ်တွင် အရေးပိုင်မင်းရှိနေသည်ကတစ်ကြောင်းကြောင့် မည်သူမျှထိုပိတောက်ပင်အား မျက်စောင်းမထိုးဝင့် ၊

အချိန်အားဖြင့် 5နာရီကျော်ရုံသာရှိသေးသော်လည်း ပူပြင်းလှတဲ့ရာသီဥတုဖြစ်ရာ နေမင်းကြီးမှာလဲစောစီးစွာထွက်ပေါ်လျက် လောကတစ်ခွင်အလင်းဆောင်နေတော့သည် ၊

" သတိထားဆင်းပါ အရေးပိုင်မင်း "

အန်ကယ်ဂျော့ဟာ အရေးပိုင်မင်းဆင်းရလွယ်ကူစေရန်အလို့ငှာ အပေါ်မှခူးလာသည့် ပိတောက်ပန်းခိုင်ကြီးအားလှမ်းယူလျှင် ချက်ချင်းဘဲတစ်ဖက်သို့လွှဲကာ ကိုယ်တိုင်ကိုင်၍ခက်ခက်ခဲခဲဆင်းလာခဲ့၏ ၊ ထို့နောက် ပိတောက်ခိုင်အားပြုံးပြုံးကြီးကြည့်ကာ တစ်စုံတစ်ရာမဆိုဘဲအိမ်ထဲသို့လဲ ပြုံးပြုံးကြီးပင်ဝင်သွားတော့သည် ၊

" အဲ့မျက်နှာကြီးက ဘာတုန်းတော့ "

ရီထွေးသည် အရေးပိုင်မင်း၏ပြီတီတီမျက်နှာထားကြီးကြောင့် ဘေးရှိမိလဲ့အား အမေးပြုလိုက်လျှင်...

" ကျုပ်လဲဘယ်သိမတုန်း ၊ မနက်အစောကြီး ပြုတ်ကျလို့ကျိုးကုန်မှဖြင့်အေ "

" အပင်လဲတက်ဖူးပုံမရပါဘူး ကျုပ်ဖြင့်ရင်တမမနဲ့ ကြည့်ရတယ် "

" ဦးဘထူးတို့ ချစ်လူတို့ကိုတက်ခူးခိုင်းလဲရရဲ့နဲ့ သူ့ဘာသာတက်ပြီးအပင်ပေါ်မှာကားကားကြီးဖြစ်နေတုန်းက အကြိုနေ့ကြီးသွေးထွက်သံယိုတွေမြင်ရတော့မယ်ထင်တာ "

" ပြန်ဆင်းလာနိုင်တာဘဲတော်သေးတယ် "

ထို့နောက်ရီထွေးနှင့်မိလဲ့တို့သည် အရေးပိုင်မင်းအကြောင်းအတင်းတုပ်ကာ လုပ်စရာအလုပ်များရှိရာဆီသို့ထွက်သွားပြီဖြစ်သည် ၊ ထိုကလေးမတွေလို ထုတ်မပြောသော်လည်း အပင်ပေါ်တက်သွားတဲ့အရေးပိုင်မင်းကြောင့် ဂျော့တစ်ယောက် အတော်လေးရင်ထိတ်ခဲ့ရတာဖြစ်သည် ၊

ပိတောက်ထက် သစ္စာရှိပါမည်Where stories live. Discover now