three

158 26 48
                                    

သင်္ကြန်အတက်နေ့ ။

မနေ့ညက ကိစ္စအားယခုထိရှက်နေသေးသည်ကြောင့် Danielဟာ အရေးပိုင်မင်းကိုမျက်နှာချင်းမဆိုင်ဘဲရှောင်တော့သည် ၊ မနက်စာကိုလဲ မြန်မြန်စားခဲ့ပြီး အရေးပိုင်မင်းနှင့်ဝေးရာသို့သာ ထွက်ပြေးနေခဲ့သည် ၊

အရေးပိုင်မင်းအိမ်ပေါ်တွင်ရှိလျှင် Danielက အိမ်အောက် ၊ အရေးပိုင်မင်းအောက်သို့ဆင်းလာလျှင် Danielက အိမ်ရှေ့ထွက်လာ၏ ၊ အရေးပိုင်မင်းအိမ်ရှေ့ထွက်လာသောအခါ Danielသည် အလုပ်သမားတန်းလျားဘက်သို့ ထပ်မံပြေးလာပြန်တော့သည် ၊

အလုပ်သမားတန်းလျားတွင် ခါတိုင်းလို မိန်းကလေးနှစ်ယောက်မရှိဘဲ ကြီးတော်တစ်ယောက်တည်းသာ...

" ဘာတွေလုပ်နေလဲဟင် "

" ဟော ကလေး ဘာလိုချင်လို့လဲ ကြီးတော်ဘာလုပ်ပေးရမလဲ "

" ပျင်းလို့ "

" အယ် အရေးပိုင်မင်းကို မဏ္ဍပ်တွေအလည်မပို့ခိုင်းဘူးလား "

" ဟင့်အင်း ရေတွေနဲ့အရမ်းပက်တော့အသက်ရှူလို့မရဘူးလေ "

ထိုမျက်နှာဖြူလေးက ရေမွှန်းမှာကိုကြောက်သွားတာဖြစ်မည်ဟု တွေးကာ..

" ထိုင်မလား "

" ဟုတ် "

ကြီးတော်သည် အပေါက်အပြဲအက်ျီများကို ပင်အပ်ဖြင့်ချုပ်ရင်း Danielလေးကိုလဲ အဖော်လုပ်ပေးနေတော့သည် ၊ ဗိုလ်သံရောတဲ့မြန်မာသံဝဲဝဲလေးဟာ မျက်နှာဖြူလေးဆီကထွက်လာတော့လဲ နားထောင်လို့ကောင်းသား ၊ တစ်ခါတစ်ခါစကားတွေ အများကြီးပြောရင်းမပီတော့လျှင်ကလေးလေးတွေလို ချစ်စရာကောင်းပြန်သည်..

" သင်္ကြန်ဆိုပြီး ဖြစ်လာတာကြာပြီလားဟင် "

ထိုသို့ မြန်မာ့အ​ကြောင်းကို စိတ်ဝင်တစားမေးလာလျှင် သူမသည်လည်း အသေအချာပြန်ဖြေရတော့၏ ၊

" မြန်မာ့သမိုင်းတွေမှာတော့ ပုဂံခေတ်ရဲ့နောက်ဆုံးမင်းဆက် နရသီဟပတေ့မင်းကသူ့ရဲ့မိဖုရားတွေထဲကတစ်ပါးဖြစ်တဲ့ မိဖုရားစောလုံကို လူတွေအများရှေ့မှာ ခေါင်းကနေရေတွေစိုရွှဲအောင်လောင်းချပြီး လှောင်ပြောင်ရယ်ခဲ့လို့ မိဖုရားကအရှက်ရ​ပြီး
စားမဲ့အစာထဲအဆိပ်ခတ်သတ်သတဲ့ ဒါပေမဲ့လဲမအောင်မြင်ဘဲ မိဖုရားကွပ်မျက်ခံလိုက်ရတယ်ဆိုပြီး ပြောကြတယ် ၊ အဲ့သမိုင်းကိုကြည့်ပြီး သင်္ကြန်ဆိုတာပုဂံခေတ်ကတည်းရှိတယ်လို့ဆိုလို့ရတယ် "

You've reached the end of published parts.

⏰ Last updated: Apr 19 ⏰

Add this story to your Library to get notified about new parts!

ပိတောက်ထက် သစ္စာရှိပါမည်Where stories live. Discover now