အစ

132 15 0
                                    

"ဂျဲနိုရေ ရုံးခန်းခနသွားလိုက်ပါအုံး
မင်းကိုသူဌေးခေါ်နေတယ်"

HR ကအကိုပြောတဲ့ အတိုင်း ဂျဲနိုလည်း ရုံးခန်းထဲကိုဝင်သွားလိုက်သည် ။

ဂျဲနိုက ဒီကုမ္ပဏီမှာအလုပ်စဝင်တာ နှစ်နှစ်ကျော်ရှိပြီဖြစ်ပေမယ့် အရင်တလောကမှ ကုမ္ပဏီတစ်ခွင်လုံး နာမည်ကြီးဖြစ်သွားရသေးသည် ။

သူတို့ရဲ့ကုမ္ပဏီက နိုင်ငံခြားပစ္စည်းတွေကို ကိုယ်စားလှယ်ယူရောင်းတဲ့ အကြီးဆုံးလုပ်ငန်းစုတစ်ခုဖြစ်ပြီး စီးပွါးရေးနယ်ပယ်ထဲမှာ နေရာအတော်ယူထားတယ်ဆိုလည်းမမှား ။

ပစ္စည်းတွေကို မားကတ်တင်းဆင်းဖို့အတွက် အရင်သုံးလလောက်က မော်ဒယ်နဲ့ကြေငြာဖို့လုပ်ခဲ့ပေမယ့် ရိုက်ကူးရေးလုပ်ဖို့ တစ်နာရီအလိုမှ မင်းသားကဆေးရုံရောက်သွားလို့ အနားမှာဦးစီးပေးနေတဲ့ ဂျဲနိုကပဲအစားထိုးဝင်ရိုက်ပေးလိုက်ရတာ ။

ကံလို့ပဲပြောရမလား ... အဲ့ကြေငြာက အလွန်နာမည်ကြီးသွားပြီးတော့ customer တွေက သူနဲ့ဆက်ရိုက်မှ ဒီ brand ကိုဆက်သုံးပါ့မယ်တွေအထိတောင်ဖြစ်ကုန်ကြသည် ။

အဲ့တာတင်မကသေး ။ တခြားပစ္စည်းကုမ္ပဏီကပါ ဂျဲနိုရဲ့အသိမိတ်ဆွေတွေကနေတစ်ဆင့် ဆက်သွယ်လာကြတာမလို့ သူတို့အတွက်ကြေငြာတွေပါထပ်ရိုက်ပေးခဲ့ရသေးသည် ။

အနုပညာအလုပ်နဲ့ပက်သက်လို့ ဘယ်အလုပ်ကိုမှမလုပ်လိုကာမှ သူ့မှာ ကြေငြာမင်းသားပါဖြစ်ရတဲ့အဆင့် ။

"ကဲ လာ ထိုင်ပါအုံး"

သူဌေးရဲ့အပြောမှာ သူချွေးစပြန်ရတော့သည် ။ သူဆွဲထားတဲ့ project strategy တွေမှားသွားလို့များလား

"ဟုတ် သူဌေး ၊ ဘာခိုင်းစရာရှိလို့လဲဗျ"

"ခိုင်းစရာထက် အကူအညီတောင်းစရာရှိတယ်လို့ပြောရမှာပေါ့ကွာ ။ ငါ့မှာ အစီအစဉ်ထုတ်လုပ်သူလုပ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် မင်းနဲ့လည်းမိတ်ဆက်ပေးဖူးတယ် အီမင်ဂယူဆိုတာလေ"

"ဟုတ် မှတ်မိပါတယ်"

"သူကအခု အစီအစဉ်အသစ်တစ်ခုလုပ်ဖို့စီစဉ်နေတာ ။ အဲ့မှာမျက်နှာသစ်တွေကို ချပြချင်တယ် ။ လူစိတ်ဝင်စားမယ့်ပုံမျိုးပေါ့ ... အဲ့တာသူကမင်းကို ပါစေချင်နေတာ"

My Favorite Ex : survival show Where stories live. Discover now