လမ်းခွဲခြင်း

77 15 0
                                    

အထက်တန်းနောက်ဆုံးနှစ်

နှစ်ယောက်စလုံး အောင်စာရင်းထွက်ပြီးနောက်မှာ တက္ကသိုလ် တူတူရကြတာမလို့ မေဂျာကွဲပေမယ့်လည်း ကျောင်းတော့တူသည် ။

အထက်တန်းအောင်ဘွဲ့ပေးတဲ့အချိန်တုန်းက
ဂျဲနိုက ဂျယ်မင်းကို နှင်းဆီအဝါပန်းစည်းလေးပေးခဲ့သည် ။

Romance ဖြစ်တာထက်ကို
သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းဘဝကို အမှတ်ရစေတာလေးပဲ ဂျဲနိုရွေးပေးဖြစ်ခဲ့သည် ။

ကျေးဇူးတင်ပါတယ်
ကိုယ့်ဘဝထဲ သူငယ်ချင်းအဖြစ်ဝင်ခဲ့ပေးရုံနဲ့တင် ။

-
ပထမနှစ်

ဂျယ်မင်းက သူ့ရဲ့ဝါသနာကို အသက်မွေးဝမ်းရာအဖြစ် ရွေးချယ်ခဲ့တယ် ... အနုပညာမေဂျာ

ဂျဲနိုကတော့ သာမန်ပဲဖြစ်ချင်ခဲ့တာ ဝါသနာဆိုတာထက် ဖြစ်သင့်တာကို ရွေးခဲ့တယ် ... စီးပွါးစီမံခန့်ခွဲမေဂျာ

မေဂျာမတူလည်း အထက်တန်းတုန်းကလို
တပူးပူးတတွဲတွဲဖြစ်နေဆဲပဲ

ပိုလာတာကတော့ ရင်ခုန်သံတွေပေါ့

ဂျဲနိုကတော့ social butterfly လေး
Major king ရွေးပွဲကို ဝင်မပြိုင်လို့သာ king မဖြစ်ခဲ့တာ သူ့မေဂျာမှာတော့ အလွန်နာမည်ကြီးတဲ့လူ ။

ဂျယ်မင်းကတော့ လူတိုင်းရှိန်တဲ့လူဖြစ်နေတယ် ... သူလည်း ဂျဲနိုနီးပါး နာမည်ကြီးသည် ။ လိုက်တဲ့လူအတော်များပေမယ့် ဂျယ်မင်းအတွက်ကတော့ ဂျဲနိုတစ်ယောက်တည်းသာ မျက်လုံးထဲမြင်ခဲ့သည် ။

ပထမတစ်နှစ်အတွင်း ဘာတွေပြောင်းလဲလာလဲမေးရင် အချစ်တွေတိုးလာသည်ပေါ့ ။

-
ဒုတိယနှစ်

"ငါတို့အတူနေကြမလား ဂျယ်မင်း"

ဒုတိယနှစ်ကျောင်းသားတွေဖြစ်လာကြပြီ
ထို့အပြင် မိဘတွေကအစ ရိပ်မိနေပြီဖြစ်တဲ့ ဆက်ဆံရေး ။

"အင်း အသံတိတ်တဲ့ရပ်ကွက်မျိုးရွေးကြည့်ကြရအောင် ဂျဲနို"

"မင်းစိတ်တိုင်းကျ"

သူငယ်ချင်းကနေ ရည်းစားဖြစ်လာကြတဲ့
သူတို့အတွက် အခေါ်အဝေါ်တွေကသူငယ်ချင်းအတိုင်း ။

My Favorite Ex : survival show Where stories live. Discover now