မေးခွန်း (1 to 3)

76 14 0
                                    

Candidate 1 - ဂင်ဂျီဆူး
Candidate 2 - ဆုန်းဂျူဟီး
Candidate 3 - အီဂင်မ်
Candidate 4 - နာဂျယ်မင်း

*Candidate နာမည်တွေကမမှတ်ထားလည်း ကိစ္စမရှိပါဘူး ဂျယ်မင်းက နံပါတ် 4 ဖြစ်နေတာရယ် ၊ အီဂင်မ်က နံပါတ် 3 ဖြစ်နေတာရယ်ကိုမှတ်ထားပေးရင်ရပါပြီ*

"ကောင်းပါပြီ ဒါဆိုရင် အစီအစဉ်လေးကိုစကြရအောင် ။ အခု ဂျဲနိုရဲ့ရှေ့မှာရှိနေတဲ့ တံခါးငါးချပ်ရဲ့နောက်မှာတော့ ဂျဲနိုရဲ့ရည်းစားဟောင်း ငါးယောက်ကရပ်နေတယ်ပေါ့နော် ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့်ပဲ Candidate 5 ကမလာနိုင်ခဲ့တဲ့အတွက် ၄ ယောက်တည်းနဲ့ပဲ ရှေ့ဆက်သွားရမှာပါ ။ ဆိုတော့ ဂိမ်းအကြောင်းလေးရှင်းပြရတော့မလား"

ဂျဲနိုက ပြောလိုက်သည် ။

"ဟုတ်ကဲ့ပါဗျ"

"တံခါးပေါ်ကနံပါတ်တွေက အထဲမှာရှိနေတဲ့လူကို ကိုယ်စားပြုတာမလို့ တတိယမေးခွန်းအပြီးမှာ ကိုယ် ဖြုတ်ချချင်တဲ့လူကို ဒီနံပါတ်ပြောပြီးဖြုတ်ချလို့ရပါတယ်"

အစီအစဉ်အကြောင်းကိုပဲ ဆက်ရှင်းပြသည် ။

"အထဲမှာရှိနေတဲ့လူတွေအနေနဲ့ အသံတုကိုပဲသုံးထားမှာမလို့ ဂျဲနိုအနေနဲ့ အသံနဲ့ ယောက်ျားလေး ၊ မိန်းကလေး ခန့်မှန်းနိုင်ခြင်းရှိမှာလဲမဟုတ်ပါဘူး ။ မေးခွန်းတွေအပေါ် သူတို့ဖြေတာကနေ ဂျဲနိုက အဆုံးအဖြတ်ချရမှာပါ ။ မေးခွန်းတွေကတော့ ဂျဲနိုနဲ့ သက်ဆိုင်တဲ့အကြောင်းတွေပဲဖြစ်မှာပါ"

"ကျွန်တော်နောက်ဆုံး ရွေးချယ်လိုက်တဲ့တစ်ယောက်နဲ့ရော ဘာတွေဆက်ဖြစ်မှာလဲ

"ဒါကတော့ နောက်မှဆက်ပြေတာပေါ့..."

ကင်မရာကပုံရိပ်ကတော့ ဂျဲနိုတစ်ယောက်တည်း နံပါတ်စဉ်တွေတပ်ထားတဲ့ တံခါးငါးခုရဲ့ရှေ့မှာရပ်နေတာပဲ ။

"အားလုံးလည်း နားလည်ကြပြီထင်ပါတယ်
ဒါဆိုရင် အစီအစဉ်လေးစကြရအောင် ~"

//

ပထမဆုံးမေးခွန်း : လမ်းခွဲပြီးမှပြန်မြင်ရတဲ့ Jeno ကိုပြောချင်တဲ့စကား

Candidate 1 - ဂင်ဂျီဆူး
"ဒီလိုပြောခွင့်ရှိလားမသိပေမယ့် အရမ်းကိုပိုချောလာပါတယ် ။ ငယ်ငယ်တုန်းကနဲ့ အများကြီးကွာခြားသွားတယ်လို့ပြောရမယ် oops spoiler တွေအများကြီးပေးမိသွားပြီလား ?"

My Favorite Ex : survival show Where stories live. Discover now