အခန်း ၁၄၁: Plan B

209 38 4
                                    

အခန်း ၁၄၁: Plan B

စာမေးပွဲအခြေအနေကို အစီရင်ခံနေသော ကြီးမားသောစခရင်ကြီးသည် ယခုအခါ စာမေးပွဲခန်းစောင့်များထံမှ မရခဲ့ဖူးသော အာရုံစိုက်မှုတို့ကို လက်ခံရရှိနေ၏။ စာမေးပွဲခန်းစောင့်တိုင်း၏ မျက်လုံးများသည် တမင်သက်သက်သော်လည်းကောင်း၊ မတော်တဆသော်လည်းကောင်း ပျံဝဲရောက်လာတတ်သည်။

ရုတ်တရက် စခရင်သည် လိုင်းမကောင်းသော TV တစ်လုံးကဲ့သို့ တစ်ဖျပ်ဖျပ်လက်သွား၏။

ထိုရိပ်ခနဲလက်သွားသော အလင်းသည် တစ်ဒင်္ဂခန့်သာဖြစ်သောကြောင့် လူတော်တော်များများ မမြင်လိုက်ပေ။

021 သည် သူ့နေကာမျက်မှန်ကို အပေါ်သို့တွန်းတင်လိုက်ရင်း သူ့ဘေးရှိ ကောင်းချီနှင့် ကျောက်ကျားထုံတို့ကို တီးတိုးပြောလိုက်သည်။ "ငါ့မျက်လုံးတွေ တော်တော်ဆိုးဆိုးရွားရွားလှုပ်နေတာပဲ"

ကောင်းချီက ဆိုသည်။ "မင်းက ဘာတွေစိတ်ပူနေတာလဲ၊ ဒါက ပထမဆုံးအကြိမ်မှမဟုတ်တာ၊ ငါတောင်မှ စိတ်မပူဘူး"

သူက ဝိုင်ခွက်တစ်ခွက်ကို လှမ်းယူရင်း စိတ်အေးသက်သာစွာ ပြောလိုက်သည်။

လှမ်းယူလိုက်စဉ် ကျောက်ကျားထုံ၏ ကြားဖြတ်တားမြစ်ခြင်းကို ခံလိုက်ရ၏။ "ကျွန်မရေခွက်ကို ယူပြီး ဘာလုပ်မလို့လဲ"

ကောင်းချီ: ".........."

နေကာမျက်မှန်သည် 021 ၏ မျက်လုံးလှန်လိုက်သည့်အပြုအမူကို မဖုံးကွယ်ထားလိုက်နိုင်ပေ။

ကောင်းချီသည် အခုလေးတင်မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသူမှာ သူမဟုတ်သလိုပင် လက်ပိုက်လိုက်ပြီး ဆိုသည်။ "ဘယ်လိုပဲဖြစ်ဖြစ်.... သူတို့တွေ ခပ်လျှိုလျှိုနေဖို့ မျှော်လင့်တယ်"

154 သည် သူတို့အခန်းကို စနစ်စောင့်ကြည့်ခြင်းမှ ပိတ်ဆို့ထားသောကြောင့် ယခုအခိုက်အတန့်တွင် သူတို့စကားကို ထိန်းထိန်းသိမ်းသိမ်းပြောရန် စိတ်ပူနေစရာမလိုပေ။ ထို့ပြင် တစ်ခုခုဖြစ်လာခဲ့လျှင် သူတို့ တုံ့ပြန်ရန် ပို၍လွယ်ကူစေလိမ့်မည်။

ကျောက်ကျားထုံက သူတို့ကို အာမခံလိုက်သည်။ "ဒီနှစ်ယောက်အကြောင်း မပြောကြရအောင်၊ ဒီတစ်ခေါက် 154 လည်းပါနေတာပဲ၊ သူက ပိုပြီး ဂရုစိုက်ပြီး သတိကြီးကြီးလုပ်တတ်တယ်၊ သူ A နဲ့ 001 တရားလွန်မလုပ်အောင် နည်းနည်းပါးပါး ထိန်းချုပ်နိုင်လောက်ပါတယ်၊ စိတ်မပူပါနဲ့"

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now