အခန်း ၁၄၉ : နားနေဆောင် နံပါတ် (၂)

559 87 21
                                    

အခန်း ၁၄၉ : နားနေဆောင် နံပါတ် (၂)

ယိုဟော့သည် ထိုနှစ် နှစ်ကုန်ခန့်တွင် သတိပြန်လည်လာခဲ့ပြီး အရေးပေါ်ကုသမှုခံယူပြီးနောက် မြူးနစ်မြို့ကို လွှဲပြောင်းကုသမှုခံခဲ့သည်။ ထို့နောက် ထိုမြို့တွင် ဆက်နေပြီး နာလန်ပြန်ထူလာအောင် ဂရုစိုက်ခဲ့သည်။

နောက်ထပ်လေးလခန့်ကြာပြီးနောက်် ဆက်တိုက် သေမလားရှင်မလား လွန်ဆွဲနေခဲ့ပါသော ချင်ကျိုးသည် အန္တရာယ်ရှိသောအခြေအနေမှ နောက်ဆုံး လွတ်မြောက်သွားပြီး စနစ်အတွင်းရှိ ဆေးကုသစင်တာတစ်ခုတွင် မျက်လုံးပွင့်လာခဲ့သည်။

ဤရုတ်တရက်ဖြစ်ပွားခဲ့သော ကိစ္စအတွက်မူ စနစ်သည် ဖြေရှင်းချက်တစ်ခု ထုတ်ခဲ့ပြီး ၎င်းမှာ အန္တရာယ်ပေးနိုင်သော bug တစ်ခုကြောင့်ဖြစ်သည်ဟု ရှင်းပြခဲ့သည်။ ထို့နောက်တွင် နားနေဆောင်များရှိ ဖြေဆိုသူများအားလုံးနှင့် စာမေးပွဲခန်းစောင့်စီရင်စုရှိ စာမေးပွဲခန်းစောင့်များအားလုံးကို အကျဉ်းချ၍ စနစ်သမိုင်းတွင် အရှည်ကြာဆုံးသော မိမိကိုယ်ကိုယ်ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းနှင့် အဆင့်မြှင့်တင်မှုကြီးတစ်ခုကို စတင်တော့သည်။

ပင်မထိန်းချုပ်စင်တာကို ပြန်လည်ပြုပြင်ပြီးသည်နှင့် စနစ်သည် စာမေးပွဲခန်းစောင့်များအားလုံးကို ဆက်သွယ်ခဲ့၏။ မူလရာထူးအဆင့်အားလုံးကို ဖျက်သိမ်းလိုက်ပြီးနောက် ကုတ်နံပါတ်များအားလုံးကို အပြောင်းအလဲလုပ်ခဲ့သည်။

ချူယွဲ့သည် စာမေးပွဲခန်းစောင့်ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး လူသူအလာကျဲပါးလွန်းသော နားနေဆောင်တစ်ခုသို့ နေရာချထားခံခဲ့ရ၏။ သူသည် ထိုလုပ်ရပ်ကြောင့် အံ့ဩခြင်းမရှိပေ။ သူနှင့်A သည် သူတို့၏ 'ပုန်ကန်မှု' နောက် ကံကြမ္မာနှင့်ပတ်သက်၍ ဟိုးယခင်ကတည်းက ဆွေးနွေးခဲ့ဖူးကြသည်။ သူတို့နှင့် ရင်းနှီးသော အခြားစာမေးပွဲခန်းစောင့်များသည်လည်း အလားတူပင် အဝေးသို့ သို့မဟုတ် လူသူနည်းပါးသောမြို့များသို့ ရွှေ့ပြောင်းခံခဲ့ရသည်။

စနစ်သည် ထိုလုပ်ရပ်များကို စိတ်သောကများနေသည့်အလား လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ စနစ်သည် အရာရာကို ဟိုသည် လှည့်ပတ်ရွှေ့ပြောင်းခဲ့သည်၊ အထူးသဖြင့် ကနဦးစာမေးပွဲခန်းစောင့်များကို ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့မှာ သူတို့နှင့် အရင်းနှီးဆုံးသူများဖြစ်သောကြောင့် ဖြစ်၏။

You've reached the end of published parts.

⏰ Last updated: May 06 ⏰

Add this story to your Library to get notified about new parts!

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now