ဇာတ်လမ်း-၁၈

24.4K 1.9K 136
                                    


မသန္တာတို့ ဇာတိမြို့က သိပ်မကျယ်။ facebook ပေါ်တွင်တင်ထားသည့် ဖိတ်စာထဲက အိမ်လိပ်စာကို google ထောက်လိုက်တော့ ရှာရပိုလွယ်သည်။ခေါင် မည်သူ့ကိုမှ ဖုန်းဆက်မနေ။ မြို့အလယ်ခန့်လောက်တွင် ရှိသည့် ထိုခြံသို့ တိုက်ရိုက်မောင်းလာခဲ့သည်။ ခြံဝန်းရှေ့တွင်လည်း ကားတွေနည်းနည်းပဲ ကျန်တော့ကာ သိမ်းဆည်းသည့်တချို့တွေက သိမ်းဆည်းနေပြီဖြစ်သည်။နေ့လယ် တစ်နာရီကျော်ပြီမို့ ပွဲက ပြီးနေပြီ။ ခြံထဲထိ မောင်းဝင်လာခဲ့ရင်း တချို့ကားတွေ ရပ်ထားသည့် ဘေးတွင် ခေါင် ကားထိုးလိုက်သည်။ကားပေါ်က ဆင်းပြီး ဝေ့ဝဲကြည့်လိုက်တော့ သိသည့်သူမည်သူကိုမှ မတွေ့သည်မို့ ဖုန်းကတော့ ခေါ်ရတော့မည်ဖြစ်သည်။

"ဟယ်.. ခေါင်. ဘယ်လိုလုပ်ရောက်လာတာလဲ.."

ဖုန်းမဆက်ခင်ပင် ပွဲကျင်းပသည့် မြေကွက်လပ်ကနေ လျှောက်လာသည့် သန္တာက တိုက်တိုက်ဆိုင်ဆိုင်ပင် ခေါင့်ကို မြင်သွားကာ ဝမ်းသာအားရ နှုတ်ဆက်လာသည်။

"သစ္္စာကိုတောင်ပြောနေတာ။ မင်းကိုပါ ခေါ်လာခဲ့တာမဟုတ်ဘူးဆိုပြီး.. "

"ဟုတ်တယ် မသန္တာ.. ကျွန်တော်လည်း ခုမှ အားတာနဲ့"

စကားကတော့ လှအောင်ပဲသုံးလိုက်သည်။ ဘယ်လိုပဲ ဝေ့ရှာရှာ။တွေ့ချင်သူကို မတွေ့ရသေး။

"သစ္စာကို ရှာနေတာထင်တယ်..လာ.. လာ ဟိုမှာ သူက သူငယ်ချင်းဟောင်းတွေနဲ့ ပြောလို့မပြီးသေးတာ"

မသန္တာက အိမ်ထဲကို ဦးဆောင်ခေါ်သွားခဲ့သည်။ အိမ်ထဲက ဧည့်ခန်းနေရာတွင် သစ္စာတို့ရွယ်တူတစ်သိုက်က စကားဖောင်ဖွဲ့နေကြသည်။

"သစ္စာရေ...ဒီမှာ ခေါင်.. လာတယ်။ အေးဆေးနေနော်.. ခေါင်..။အစ်မ လုပ်စရာလေးတွေလုပ်လိုက်ဦးမယ် "

မသန္တာက ခေါင့်ကို သစ္စာနှင့် တွေ့ပေးပြီးသည့်နောက် အိမ်အတွင်းပိုင်းထိ ဝင်သွားခဲ့သည်။

"ဟင်.. ဘယ်လိုလုပ်ရောက်လာတာလဲ."

သစ္စာက စကားပြောနေရာကနေ အံ့အားသင့်စွာ ထလာပြီး ခေါင့်အနားသို့လာသည်။ခေါင့်မျက်နှာ မကြည်မလင်ကိုကြည့်ပြီး အငြိမ်မနေသည့် အကြည့်တစ်ချို့ကိုလည်း သစ္စာကလည်သူပီပီ သတိထားမိပေမယ့် ခပ်ပြုံးပြုံးပင်

အိမ်ကြီးရှင်..သခင့်ထံပါးWhere stories live. Discover now