ဇာတ်လမ်း-၂၉

23.3K 1.7K 78
                                    

ဇာတ်လမ်း-၂၉

မေ့မြောနေသည့် ခေါင့်ကုတင်ဘေးက ထိုင်ခုံတွင် ထိုင်ရင်း ဘုရားစာလည်း တတွတ်တွတ်ရွတ်နေသလို စစ်ပြေ၏ကျဆင်းနေသည့် မျက်ရည်တွေကလည်း အတောမသတ်။ဖုန်းဆက်အကြောင်းကြားပြီးကတည်းက သေလုမြောပါး ပြေးလာသလားတောင် ထင်ရသည့် စစ်ပြေသည် ခေါင် စတင်ခွဲစိတ်ကတည်းကနေ ခုထိ မတိတ်နိုင်သည့်မျက်ရည်တွေကြောင့် ကိုစိုင်းလည်း ဘေးနားကနေ သက်ပြင်းချမိသည်။

“အရမ်းကြီးမစိုးရိမ်ပါနဲ့ စစ်ပြေ။ သိပ်မထိခိုက်လို့တော်သေးတာပေါ့. ခဏနေ သတိပြန်လာမယ်လို့ ဆရာဝန်ကြီး ပြောသွားပါတယ်”

“ဟုတ်တယ်. ကိုကြီးက ဘာမှမဖြစ်နိုင်ဘူး. ကိုကြီးက ဘာမှမဖြစ်ဘူး”

ဒီကောင်လေး ကိုခေါင့်ကို တော်တော်ချစ်ရှာတာပဲဟု ကိုစိုင်းသုံးသပ်မိတော့သည်။ သိပ်ကိုစိုးရိမ်တကြီးနှင့် ထိတ်လန့်လွန်းနေသည်မှာ ခေါင်သာ  တစ်ခုခုဆိုလျှင် ရူးပါသွားနိုင်မည်လား မပြောနိုင်။

“နေ့လယ်စာစားချိန်တောင် တော်တော်ကျော်နေပြီ။ အစ်ကို နေ့လယ်စာ သွားဝယ်ပေးမယ်နော်။”

စစ်ပြေက ခေါင်းလေးသာညိတ်ပြသည်။သူ ဘာမှကို မစားချင်ပေမယ့် ခေါင့်ကို သေချာဂရုစိုက်ပြုစုပေးနိုင်ဖို့က စစ်ပြေ နေကောင်းကျန်းမာနေမှဖြစ်မည်။နဖူးပေါက်သွားသည်ကြောင့် ပတ်တီးဖြူလေးကရှိနေကာ ဘယ်ဘက်လက်ကလည်း ကျောက်ပတ်တီးနှင့် ခုထိသတိမလည်လာသေးသည့်သူ၏ ပွန်းပဲ့ဒဏ်ရာတွေနှင့် မျက်နှာချောချောကို ကြည့်ကာ ကျဆင်းနေသည့်မျက်ရည်တွေကို အလျင်အမြန်သုတ်ပစ်လိုက်ရသည်။

ကိုကြီးက စစ်ပြေ ငိုတာကို မကြိုက်ဘူး။

စစ်ပြေလည်း ကိုကြီးရဲ့ မှေးမှိတ်နေတဲ့ မျက်လုံးတွေကို မကြိုက်ဘူး။စစ်ပြေ ရှက်အောင် ပြောတတ်သည့် ရယ်မြူးရိပ်သမ်းနေသည့် မျက်လုံးအကြည့်တွေကိုသာပဲ နှစ်သက်မိသည်။
အသံပိတ်ထားသည့် ဖုန်းလေးက တဒီးဒီးမြည်လာတော့မှ ခေါင့်ကို တစိမ့်စိမ့်ကြည့်နေသည့်စစ်ပြေ အသိဝင်လာပြီး ဖုန်းကိုင်ရသည်။

“ခွဲစိတ်ပြီးပါပြီ မမ။ အရမ်းစိတ်မပူပါနဲ့. ကိုထက်လည်း အသည်းအသန်ဖြစ်နေတာဆို.ဒီမှာက ကျွန်တော် ကိုကြီးကို သေချာလေးဂရုစိုက်ပါ့မယ်”

အိမ်ကြီးရှင်..သခင့်ထံပါးحيث تعيش القصص. اكتشف الآن