Chapter- 3 (part - 2)

85 9 6
                                    

Kinn ဖုန်းစက်ပိတ်ပြီး တိုက်ခန်းဆီသို့ဦးတည်တော့သည်။  မထွက်လာခင် သော့ထည့်တဲ့ခွက်ထဲမှ ယူလာခဲ့သည့် Porsche ရဲ့သော့အပိုတစ်ချောင်းနဲ့ တိုက်ခန်းတံခါးအားဖွင့်လိုက်၏။

Porsche သည်ကြမ်းပြင်ပေါ်လှဲမနေတော့။ ဧည့်ခန်းငယ်လေးထဲတွင်အမွှာလေးနှစ်ယောက်နဲ့အတူထိုင်နေသည်ကိုတွေ့ရသည်။ ကလေးလေးတွေမှာ မျက်နှာလေးတွေမို့နေကာအိပ်ချင်မူးတူးပုံလေးတွေဖြစ်နေသည်။ Porsche သည် Namphueng လေးရဲ့ဆံပင်ကိုဖြီးပေးနေသလို Phoenix လေးသည် Porsche ဘက်မှီနေကာ Porsche လက်ကိုဆွဲထားရင်းခုန်ဆွခုန်ဆွလုပ်နေ၏။ သူလေးကတော့တကယ့်ကိုအမွှာနှစ်ယောက်ထဲမှာ တက်ကြွတဲ့ဟာလေးပဲ။

"ဟေး" တံခါးပိတ်ရင်း Kinn မှတိုးတိုးနှုတ်ဆက်လိုက်သည့်အခါ Phoenix သည် အော်ဟစ်ပြီး Porsche ဘေးနားသွားပုန်းလေသည်။ သို့သော် Namphueng ကတော့ Porsche ၏ခြေထောက်ခြားတွင် တုပ်တုပ်မျှမလှုပ်။ Kinn ရှိနေတာကိုစိတ်တောင်မဝင်စားဘူးဆိုတဲ့သဘော။

"အော် Kinn။ ငါမင်းကိုပြန်သွားပြီထင်နေတာ" Porsche ကအံ့ဩနေပုံ။ သူ့သမီးလေးကို ဆံပင်ဖြီးပေးနေတာတော့မပြတ်...

Phoenix ကသူပုန်းနေတဲ့နေရာကနေထွက်လာကာ Kinn ရှေ့ဆီလျှောက်လာပြီး ညို့သကျည်းတည့်တည့်ကိုကန်ချလေသည်။ ပြီးနောက်ချက်ချင်းပဲ Porsche ဆီပြန်ပြေးသည်။ Kinn မှာလည်း ကလေးလုပ်သွားတဲ့ နာကျင်မှုကို အကောင်းဆုံး အားတင်းပြီး လုပ်ယူထားသောအပြုံးကြီးဖြင့်ဖုံးထားလိုက်ရသည်။

"အိတ်ထဲမှာဘာတွေပါတာလဲဟင်" စကားမပီကလာပီကလာလေးနဲ့ ချစ်စရာကောင်းအောင် Phoenix ကမေးလာတော့ "မနက်စာလေ" ဟု Kinn ကပြန်ဖြေသည်။ သို့သော် Porsche ကတော့ ချက်ချင်း မျက်နှာပျက်ယွင်းသွားလေ၏။

"ကလေးတွေက မနက်ဆို နို့ပဲစို့တာ Kinn" Porsche က Namphueng လေးကိုပွေ့ချီရင်း ထလာသည်။ Phoenix လေးကတော့ Porsche ခြေထောက်အားမှီနွဲ့နေလေပြီ။

" မနက်ပိုင်း အစာအမာမစားဘူးလား။ ဘာလို့လဲ" Kinn ကယောင်တောင်တောင်ဖြစ်နေပြန်သည်။  အသံတွင်ပါဝင်နေသည့် ရှုပ်ထွေးနေမှုသည် မျက်နှာထွင်ပါထင်ဟပ်လို့နေသည်။

Porsche သည်အကြည့်ကိုအောက်သို့ပို့ထားရင်း ပြောလာသည်က  "ငါက တစ်ချိန်လုံးအလုပ်လုပ်နေရတာ... ပြီးတော့နို့ကအလကားရတယ်လေ" တဲ့...

You've reached the end of published parts.

⏰ Last updated: Apr 23 ⏰

Add this story to your Library to get notified about new parts!

အိုး... ကောင်းကင်ပေါ်ကကြေးမုံရေ... အချစ်ဆိုတာဘာလဲကွယ် ( mm translation)Where stories live. Discover now