Episode : Five

111 26 0
                                    

ပူရှိန်းပူရှိန်းဖြစ်နေသောအသားတွေကြောင့် ဖျားနေပြီမှန်းခန့်မှန်းမိရသည်။

ခဏတာပြန်ဆုပ်ကိုင်ခွင့်ရလိုက်သော နွေးနွေးထွေးထွေးလက်လေးရဲ့ပိုင်ရှင်ကို အလွန်တရာမှလွမ်းလွန်းရသောစိတ်တွေကြောင့် ရေတွေကြားနစ်မြှုပ်မိလိုက်တာ အချိန်ကြာသွားပုံရပြီး အကျိုးဆက်ကို အလူးအလဲခံနေရပြီ။

တဒိန်းဒိန်းထိုးကိုက်နေသောခေါင်းတစ်ခုလုံးကြောင့် ခေါင်းမထောင်နိုင်ဖြစ်နေရပြီး နွမ်းရိနေသောခန္ဓာကိုယ်ကြောင့် လှုပ်ရှားလိုက်တိုင်း မောဟိုက်နေရသည်။

မေမေနဲ့မျိုးရိုးလိုက်တဲ့ပန်းနာရင်ကြပ်ကလည်း အေးလာတိုင်းဖောက်တတ်တာမလို့ ချောင်းတဟွတ်ဟွတ်ဆိုးရင်း ရင်ဘတ်ပါအောင့်တက်လာရသည်အထိ. .

ခက်ခက်ခဲခဲအသက်ရှူရရင်း နိုနိုကလေးကိုသတိတရဖြစ်ရသည်။

အရင်ဆို သူဖျားတိုင်း၊ ချောင်းဆိုးတိုင်း အပြေးအလွှားရောက်လာပြီး ရေနွေးနွေးလေးနှင့် ဆေးအတင်းတိုက်လို့ သက်သာစေခဲ့တာ။

အခုတော့ သူတစ်ယောက်တည်း အလူးအလဲခံနေရတာ အိပ်မက်ဆိုးတွေလို။

ဆက်တိုက်မြည်နေသောဖုန်းဆီ လက်လှမ်းယူလိုက်ပြီး Caller IDကိုကြည့်မိတော့ ဆိုင်ကကလေး။

"ဟယ်လို. ."

"ဂျယ်မင်းဟျောင်း. .နေမကောင်းဘူးလား"

မရှိရှိတဲ့အားနဲ့ပြန်ဖြေတော့ တစ်ဖက်ကစိုးရိမ်တကြီးအသံကို ပြန်ကြားရသည်။

"အင်း နည်းနည်းပါ. .ဘာရှိလို့လဲဒိုဟွန်း"

ဘာမှမပြောထားဘဲနဲ့ ဆိုင်ကိုသူကမသွားဘဲနေရင်တောင် ထွေထွေထူးထူးကိစ္စမရှိရင် ဒိုဟွန်းကမဆက်တတ်ပေ။

သူ့ကိုနားစေချင်တဲ့ဒိုဟွန်းက ဆိုင်ကိစ္စအဝဝကို သူလွှဲထားလို့ရလောက်တဲ့အထိ အားကိုးရတဲ့ကလေးဖြစ်သည်။

"ဟျောင်းနဲ့တွေ့ချင်လို့တဲ့ ဧည့်သည်တစ်ယောက်ရောက်နေလို့ဟျောင်း. .ဟျောင်းနေမကောင်းရင် ကျွန်တော်နောက်ရက်မှ ပြန်လာခိုင်းလိုက်ရမလား"

Scars:In The PastWhere stories live. Discover now