Episode : Seven

101 23 0
                                    

ညကအဖြစ်အပျက်ကြောင့် လင်းခါနီးမှ အိပ်ပျော်သွားရပြီး အိပ်ယာထချိန်က နေ့လည်ခင်းဖြစ်နေခဲ့သည်။

တစ်ကိုယ်ရေသန့်ရှင်းပြီးနောက် အခန်းပြင်ကို မဝံ့မရဲနဲ့ထွက်ရချိန်မှာ မနေ့ညကလိုရှုပ်ပွမနေတော့ဘဲ ရှင်းလင်းနေသော အခန်းကစီးကြိုနေခဲ့သည်။

ဂျဲနိုလေးလုပ်ထားသည်လား. .

"ဂျယ်မင်းနီးဟျောင်းနိုးပြီလား"

မီးဖိုခန်းဘက်ကထွက်လာသောဂျဲနိုက သူနှစ်သက်ရပါသည့် လခြမ်းကွေးအပြုံးမျက်ဝန်းလေးနှင့်။

ဖြူဖြူစင်စင်ပြုံးနေတဲ့ကလေးလေးက ဘာမှမသိတော့သလို ဘာမှမဖြစ်ခဲ့သလို။

သူလိုချင်တာလည်းထိုသို့ပဲမို့ ပြန်ပြုံးပြီး ဂျဲနိုလေးရဲ့ခေါင်းကိုပွတ်လိုက်သည်။

"ဟျောင်းအိပ်ယာထနောက်ကျသွားတယ် နိုနိုလေးဘာစားပြီးပြီလဲ"

"ကျွန်တော်မနက်က ဂျေးဟျောင်းနဲ့အပြင်မှာသွားစားခဲ့တယ် ဟျောင်းကနှစ်နှစ်ခြိုက်ခြိုက်ကလေးအိပ်နေတာနဲ့ မနှိုးလိုက်တော့တာ"

"မန်နေဂျာဟျောင်းကပြန်သွားပြီလား"

"အွန်း. .ကျွန်တော့်ကိုမနက်စာလိုက်ကျွေးပြီး ပြန်သွားပြီ"

ဂျဲနိုလေးက အပြင်လောကမှာတော့ အပြုံးအရယ်နည်းတဲ့ ရေခဲတုံးလေးဖြစ်သော်လည်း သူ့ရှေ့မှာဆို အပြုံးအရယ်ပေါတဲ့ သူ့ကလေးလေးပဲဖြစ်သည်။

အမြဲတမ်းဒီလိုလေးပဲ ဖြူဖြူစင်စင်ပြုံးနေစေချင်တာ။

သူ့ကြောင့်နဲ့ ဂျဲနိုလေးရဲ့အိပ်မက်တွေ မပျက်စီးသွားစေချင်သလို လမ်းလည်းလွှဲမသွားစေချင်ပါ။

"ဒီနေ့ကျွန်တော်တို့ဘာလုပ်ကြမလဲ"

"ရုပ်ရှင်ကြည့်မလား?"

"အွန်း ဟျောင်းသဘော"

ထိုနေ့ကမပျင်းမချင်း ဂျဲနိုလေးရဲ့ဇာတ်လမ်းတွေထိုင်ကြည့်ပြီး မပျင်းမရိနှင့် ဂျဲနိုမေးသမျှ သူ့ရဲ့ထင်မြင်ချက်တွေကို ဖြေပေးရင်း အချိန်တွေအတူတူကုန်ဆုံးခဲ့သည်။

ပုံမှန်အတိုင်းလေးရှိနေတဲ့ အနေအထားလေးကြောင့် သက်မတွေခိုးချရပြီး မထင်မှတ်ထားတဲ့အနမ်းလေးတစ်ခုကို ရင်ခုန်ရင်းနဲ့ သူတစ်သက်တာသိမ်းဆည်းထားလိုက်တော့မည်ဖြစ်သည်။

Scars:In The PastWhere stories live. Discover now