Episode : Three

100 21 0
                                    

ဂျယ်မင်း : နှစ်ဆယ့်တစ်နှစ်

နိုနို   :   ဆယ့်ငါးနှစ်

ကော်ဖီဆိုင်လေးတစ်ဆိုင်ရဲ့ မန်နေဂျာတစ်ဖြစ်လဲ အဖျော်ဆရာနေရာရထားတဲ့ဂျယ်မင်းက အရင်လိုအလုပ်တွေအများကြီး လုပ်စရာမလိုတော့ဘဲ အတည်တကျအလုပ်ကလေးနဲ့ ဂျဲနိုတစ်ယောက်ကိုတော့ ပြည့်ပြည့်စုံစုံရှိစေခဲ့သည်။

လိုအပ်ချက်တွေ၊ လိုချင်တာတွေမရှိတတ်တဲ့ နိုနိုကလည်း ဂျယ်မင်းအပေါ်သိတတ်လိမ္မာတဲ့ညီငယ်လေးအဖြစ်. . ။

ပညာရေးမှာလည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားရင်း အလုပ်ကပြန်လာတဲ့ဂျယ်မင်းအတွက် အမြဲတမ်းညစာနွေးနွေးလေးတွေနဲ့ ကြိုနေတတ်တာမျိုး။

နည်းနည်းလေးအေးလာတာနဲ့ ချောင်းဆိုးတတ်တဲ့ အအေးမခံနိုင်တဲ့ဂျယ်မင်းအတွက် ရေနွေးနွေးလေးတွေက သောက်ဖို့ကော ချိုးဖို့ပါအဆင်သင့်။

အဲ့လိုမျိုးနိုနိုလေးက အလိုက်သိတဲ့ညီငယ်လေးအဖြစ် အလှပဆုံးကြီးပြင်းလာခဲ့တာ။

ကော်ဖီဆိုင်လေးကိုပိတ်သိမ်းလို့ နွေးထွေးမှုတွေစီးကြိုနေမယ့် အိမ်လေးဆီ တက်တက်ကြွကြွခြေလှမ်းတွေလှမ်းရ။

"နိုနိုလေးရေ. .ဟျောင်းပြန်လာပြီ"

ဖိနပ်ချွတ်နေရင်း အသံပေးတော့ မီးဖိုခန်းဘက်က အရိပ်လေးကိုလှမ်းမြင်ရသည်။

"အင့်!"

ဖိနပ်ချွတ်ပြီးအပေါ်အမော့ အင့်ခနဲနေအောင်အဖက်ခံလိုက်ရပြီး အနောက်ကိုလှန်ကျမတတ်။

တံခါးဘောင်ကိုလက်နဲ့ထောက်ရင်း အရှိန်ပြန်ထိန်းရတာ နှစ်ယောက်လုံးလဲမကျအောင်။

ဆယ့်ငါးနှစ်ကလေးနိုနိုက အားကစားတွေလုပ်လို့ပဲလား ထွားလိုက်တာမှ နှစ်ဆယ့်တစ်နှစ်ဂျယ်မင်းနဲ့မတိမ်းမယိမ်းမို့ သူ့မှာမနည်း။

အရပ်ကလည်းရှည်လာလိုက်တာ ဂျယ်မင်းနဲ့ခေါင်းတစ်လုံးတောင်မကွာတော့။

"ချွဲစိန်လေး. .ဟျောင်းကိုအထုပ်လေးတော့ ချခွင့်ပေးပါဦးလား"

သူ့လည်တိုင်မှာကပ်ထားတဲ့ခေါင်းလေးကို ပုတ်ကာပြောတော့ ခေါင်းခါပြသည်။

Scars:In The PastTahanan ng mga kuwento. Tumuklas ngayon