1

156 7 0
                                    

မင်္ဂ်လာအခမ်းအနားတစ်ခုတွင်ဖြစ်သည်......

ဖြူဖွေးနေသော မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပုံအရ ထိုအမျိုးသမီးသည် သတို့သမီးဖြစ်ပုံပေါ်သည်။ ပြုံးလိုက်တိုင်း box smile လေးပေါ်လာသောထိုအမျိုးသမီးသည် မင်္ဂလာနေ့မို့အရမ်းပျော်နေပုံဟန်ရှိသည်

ထိုအမျိုးသမီးရဲ့ဘေးတွင် လူကောင်သေးသေး ကောင်မလေးတစ်ယောက် ရှိုက်ကြီးတငင်ငိုနေသည်

သူများမင်္ဂလာအချိန်မှာ အဘယ်ကြောင့် ကျက်သရေမရှိငိုနေရသလဲ.....

'အီးဟီး..............အာယောင်းရယ် ငါ့ကိုထားမသွားပါနဲ့ နင်မရှိပဲ ငါကဘယ်လိုနေရမှာလဲ'

လုပ်သံကြီးနဲ့ငိုနေသော ထိုအသေးလေးကို အာယောင်းကပြောသည်

'မင်းယောင်းရယ် မသိရင် ငါကသေသွားတာကြလို့ဟယ်.... အာပြဲနဲ့မငိုစမ်းပါနဲ့ ငါ့ဧည့်သည်တွေလန့်ကုန်မယ်'

'သေသွားတာမဟုတ်ဘူး လင်ယူသွားတာလေ အီးဟီး.......မသာမ ငါ့ကိုကျော်တက်သွားတာ'

'ငါယူပြီးရင် နင်လဲလင်ယူမှာပဲကိုဟယ် သောက်ပိုတွေပြောပြန်ပြီ'

'လင်ယူသွားတော့ အရင်လိုငါတို့တွေ့မရတော့ဘူးလေ အီးဟီး........'

'လင်ရလဲ ငါ့အချစ်လေးကိုတော့ မတွေ့ပဲနေရစရာလား'

'ဟွန်း.........အပြောကတော့ရှယ် ဒါနဲ့ငါပြောအုံးမယ်'

'ပြောလေ'

'သမီးလေးမွေးရင် ကိုယ့်နာမည်ပေးပါ'

'ဒီဖေ.........'

ကင်မ်အာယောင်းနဲ့ နိုရှင်းမင်ယောင်းတို့က အရမ်းချစ်ကြတဲ့ soulmate တွေ ။ အရမ်းချစ်တယ်ဆိုပေမဲ့ သူများတွေလို နူးနူးညံ့ညံလေး မဟုတ်ပဲ မြင်တာနဲ့စကားနာထိုး စနောက်ပြီးစိတ်ကောက်ကြတာပင်။

ဒီနေ့ကတော့ အာယောင်းက ယောကျ်ားယူသွားသည်မို့ မင်ယောင်းက rest room ထိလာက drama ချိုးနေခြင်းဖြစ်သည်

မင်္ဂလာပွဲ ပြီးဆုံးသွားသည့်အခါ အာယောင်းကပန်းစည်းပစ်ပေးသည်

နိုရှင်းမင်ယောင်းက မျက်နှာရူးပီပီ လူအုပ်ကြားထဲအတင်းတိုးတာ နေရာအပီယူသည်

One Side Love (528 to 1500)Unde poveștirile trăiesc. Descoperă acum