3

73 4 0
                                    

'ကိုကို မိုင်း ကို ဆံပင် စည်းပေးပါလား'

'ကိုကို မစည်းပေးတတ်ဘူး လှမှာမဟုတ်ဘူး မိုင်း လေးရ'

'အာညီး မလှလဲရတယ် ကိုကို စည်းပေး'

ဖြစ်စဥ် မှာ ကျောင်းသွားခါနီး ကို မိုင်း က ထယ်ယောင်း အား ဆံပင်စည်းခိုင်း နေတာပင်......

ထယ်ယောင်း တို့က ကျောင်းကိုလဲ အတူသွား ရတာကြောင့်  မိုင်း က အစောလာကာ ဆံပင်လာ စည်းခိုင်းနေခြင်းဖြစ်သည်။

ထယ်ယောင်းက မိုင်း ဆံပင်လေးကို ဖွဖွလေးကိုင်ကာ  ခေါင်းစည်းကြိုးလှလှလေးနှင့် စည်းပေးသည်

အနည်းငယ် ပွယောင်းနေသော်လည်း မိုင်း က မျက်နှာ၀ိုင်းလေးမို့ ဘယ်လိုဖြစ်ဖြစ် ချစ်စရာလေးပင်

ထယ်ယောင်းစည်းပေးထားသည်က ဖရိုဖရဲဖြစ်နေတော့ မိုင်း မျက်နှာလေးက ရှုံ့သွားတာကို ထယ်ယောင်း မြင်လိုက်ပါသည်

'ကိုကို မလုပ်တတ်ပါဘူးဆိုကွာ'

'အာညီး သဘောကျပါတယ် နည်းနည်း ပွနေပေမဲ့ ရပါတယ်  နောက်ဆို ကိုကို နေသားကျသွားမှာပါ'

'အမယ် မိုင်းက ကိုကို့ ကို အမြဲစည်းခိုင်းမလို့လား ဟမ်.....'

'အွန်း .... ကိုကိုပဲစည်းပေးတော့'

'ဟားဟား..... ဟုတ်ပါပြီကွာ... အတတ်လေး'

'ကလေးတွေ လာတော့ မုန့်လာစား'

မင်ယောင်း က လှမ်းခေါ်လိုက်တော့ ကလေး နှစ်ယောက်က ပြေးဆင်းလာသည်

'အင့် ကိုကိုဖို့ စတော်ဘယ်ရီ ပေါင်မုန့်'

မိုင်းက ထယ်ယောင်းကို ယူပေးသည်

ထယ်ယောင်းကလဲ ပြန်ယူပေးသည်

'မိုင်း  လေးက mint choco ပေါင်မုန့်'

မိုင်းအကြိုက် က ထူးဆန်းသည် ....

ရေခဲမုန့်ဆိုလဲ mint choco မှ စားသည်

ထယ်ယောင်းကတော့ မိုင်း ကို လက်လံသည် 

သွားတိုက်ဆေးအရသာကြီးကို ဘယ်လိုတောင် စားနိုင်တာလဲ......

ထို့နောက် နှစ်ယောက်သား ကျောင်းကို ထွက်လာလိုက်သည်

ကျောင်းသို့ ရောက်သောအခါ မိုင်းနဲ့ ထယ်ယောင်းကအတန်း မတူတော့ပေ

One Side Love (528 to 1500)Where stories live. Discover now