2

57 6 0
                                    

အချိန်တွေတစ်ရွေ့ရွေ့ကုန်သွားတာ 12 နှစ်တာမျှကြာသွားခဲ့သည်

အချိန်တွေဘယ်လောက်ကြာကြာ အာယောင်းနဲ့ မင်ယောင်းတို့ရဲ့ ခင်မင်မှုကတော့ မပြောင်းလဲကာ ပိုတိုးလာဆဲပင်

အိမ်ထောင်ရက်သားကျသွားကြကာ ကလေးကိုယ်စီဖြင့် ကိုယ်ပိုင်လုပ်ငန်းကိုစပ်တူလုပ်ကြသည်....

အသက်တွေကြီးလာပေမဲ့ ကလေးစိတ်မပျောက်ပဲ ဆယ်ကျော်သက်တုန်းကလိုပဲ သူငယ်ချင်းနှစ်ယောက်ခံစားချက်တွေကလတ်ဆတ် ကာ ပေါမြဲပေါဆဲပင်ဖြစ်သည်

ကတိတစ်ခုလဲ ရှိတာကြောင့် ထိုကတိအား လက်တွေ့ဖြစ်လာစေရန် ကလေးနှစ်ယောက်အား ငယ်ရွယ်စဥ်ထဲက ရင်းနှီးစေခဲ့သည်

'အာယောင်း ရေ ငါလာတယ်'

'မင်ယောင်းရား....ဟယ် mine လေးပါ ပါလာတာကို'

'ဟုတ်တယ် သူ့ကိုကိုဆီသွားမယ်ဆိုတာသိတော့ တက်ကြွနေတာနဲ့ထားခဲ့လို့မဖြစ်လို့ခေါ်လာလိုက်တာ'

'အခုထဲက ကိုကိုမှ ကိုကို ဖြစ်နေပြီပဲ အဟင်း'

'အိမ်ထဲပေးဝင်ပါအုံးဟယ် ခမည်းခမက်ကြီးကလဲ'

'လာလာ ချစ်တုံးကြီး ဝင် မောလာတာမလား ရေတိုက်မယ်'

'အအေးလေးတော့တိုက်ပါဟ'

'အေးပါ'' ထိုင်ကြအုံး'

'ထယ်ယောင်းလေးရော'

'ထယ်ထယ်လေးက အပေါ်မှာဂိမ်းဆော့နေတာ သူ့ညီမလာတာမသိသေးလို့ဆင်းမလာတာ ငါသွားခေါ်အုံးမယ်'

ထယ်ယောင်းဆိုတဲ့အသံကြားသည်နှင့် ဆိုဖာပေါ်က အသေးလေးက လှုပ်ရွလာတာ အာယောင်းကိုမျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်သည်

သဘောက ကိုကို့ ကိုခေါ်ပေးပါဆိုတဲ့အထာပေါ့

'ဟယ် ကြည့်စမ်း mine လေးက ငါ့ကိုပြူးကြည့်နေလိုက်တာ ကိုကို့ကိုခေါ်ပေးမယ်နော်ခနလေး'

'ဟုတ် တီတီယောင်း'

mine လေးက အာယောင်းကို တီတီယောင်း ဟုသုံးနှုန်းတတ်သည်

ကိုကို့နာမည်မှာလဲ 'ယောင်း' ပါလို့တဲ့လေ

တစ်ခါတစ်လေ စိတ်ကောက်တတ်သေးသည်

One Side Love (528 to 1500)Where stories live. Discover now