5

104 4 2
                                    

ထယ်ယောင်း အိမ်ရောက်သည်နှင့် အိပ်ရာပေါ်ပစ်လဲလိုက်ကာ ဖုန်းကိုထုတ်ကြည့်လိုက်သည်

contact တွင်နေ့လည်ကမှတ်ထားတဲ့ နံပါတ်ကို မြင်တော့ အတန်ကြာ စိုက်ကြည့်နေမိသည်...

ထို့နောက် telegram တွင် ရိုက်ကြည့်လိုက်တော့  jieun ဆိုတဲ့ နာမည်နဲ့ acc တွေ့သည်မို့ profile ကို ၀င်ကြည့်လိုက်သည် ...

တင်ထားသည့်ပုံက အနည်းငယ် ခေတ်ဆန်တာထက် ပိုနေသလိုပင် ... 

Dress အကြပ်ကို ရင်ဘတ်အသားပေး design ဖြစ်ကာ ဆံပင် တွေကို ဖြန့်ချထားသည် 

ထယ်ယောင်းတွေ့ခဲ့သည့် ပုံစံနှင့် အတော်လေးကွာခြားနေတာမို့ ထယ်ယောင်းမျက်မှောင်ကြုံ့မိသည်

တွေ့တုန်းက ရိုးရိုးလေးလို့ ထင်ထားတာ

သို့ပေမဲ့ ထယ်ယောင်း လူတစ်ယောက် ကို အပြင်ပုံစံကြည့်ပြီး မ‌‌‌‌‌‌‌‌‌ေ၀ဖန်ချင်ပါ

profile  ဆိုတာ အခုခေတ်မှာ အလန်းတွေပဲ တင်ကြတာမလား.... 

လူတစ်ယောက်ကို ၀တ်စားဆင်ယင်မှုကြောင့် အထင်မသေးသင့်ပေ

ရုတ်တရက် မိုင်းကို သတိရသွားကာ fb က မိုင်း acc ထဲ ၀င် ကြည့်လိုက်သည်

သူ့ညီမလေးကလေ တကယ့်ကို အကြည် ဓာတ်လေးပင် 

ချစ်စရာလေး.... ဟက်

jieun နဲ့ မတူသည် က မိုင်းက မလှပဲ ချစ်ဖို့ကောင်းတာပင် 

jieun လို ကိုယ်ကြပ်၀တ်လဲ မိုင်းလိုပုသေး‌လေးနဲ့ ကြည့်ကောင်းမည်မဟုတ်...

မိုင်းအကြောင်းတွေးနေတုန်းပင် messenger မှ စာ၀င်လာသည် 

mai_mine : ကိုကို .....

V_Tae: ဗျာ.....

mai_mine: မနက် လိုက်ပို့အုံး ice skate သွားလေ့ကျင့်ရမှာ ပြိုင်ပွဲရှိလို့ 

V_Tae: သခင်မလေး သဘောဗျာ... 

mai_mine: ၇ နာရီလာခေါ််နော်ကိုကို 

 V_Tae: ok ...

ထယ်ယောင်း ထိုမျှသာစာပြန်လိုက်ပြီး နေလိုက်သည် 

ခန အကြာ မိုင်းထံ မှ စာထပ်၀င် လာသည် 

mai_mine: ကိုကို မေးစရာရှိတယ် 

 V_Tae: မေးလေ မနက်မှ လဲ ‌ရတာကိုကွာ...

mai_mine: ကိုကို ရာ  အခုသိချင်‌နေတာ

V_Tae: မေးစေ

mai_mine: ကိုကို မနက် က တိုက်မိတဲ့ တစ်ယောက် ကို စိတ်၀င်စားနေတာလား...

ထယ်ယောင်းတစ်ချက် ငိုင်မိသွားသည် 

မိုင်းက သူ့စိတ်တွေကိုများ ဖတ်နိုင်နေလား ...

V_Tae: မိုင်း က ဗေဒင်ဆရာမလေးလား ဟမ်... 

ကိုကို့ rp ကြောင့် မိုင်း စိတ်ညစ်သွားရသည် 

မိုင်း ကိုကို့ ကို ဘယ်သူနဲ့မှ မကြိုက်စေချင်ပါ 

ကိုကို့ အပေါ်ခံစားချက်တွေကိုလဲ မိုင်း သေချာမသိပါ 

မိုင်း သေချာသိသည်က ....

ကိုကို့ ကို သ၀န်တိုတယ် 

ကိုကို ‌ပျော်ရင် မိုင်းလဲ ပျော်သည် 

ကိုကို့ ကို အခြားမိန်းကလေးတွေနဲ့ တွဲ မြင်ရလောက်အောင်ထိ မိုင်း သဘောထားမကြီးနိုင်ပါ 

ထို့ကြောင့် တားသင့်သလောက် တားရမည်

mai_mine: ကိုကို ရည်းစားမထားရဘူးနော် မိုင်းကိုပဲ ချစ် 

ထယ်ယောင်း ရီမိသွားသည် ထိုကလေးဟာလေ တကယ့်  အကပ်လေး

V_Tae: မိုင်း ကိုပဲ ချစ်ပါမယ်ဗျာ.....

မိုင်း က‌ သူ့ဖြေကို သဘောကျဟန်နှင့် ပတ်ပြေးနေသည့် sticker  ပြန်ပို့သည် 

ထိုကလေး‌လေးကို ထယ်ယောင်းမနိုင်ပါ 

မိုင်း က တကယ့် အလည်လေး.... 


ထယ်ယောင်းသာ ကံကို ကြိုဖတ်နိုင်ခဲ့ လျှင် ...

ယခု လို ပြောနိုင်မည်လား...

ထယ်ယောင်း လုပ်ရက်တွေသည် မထင်မှတ်ပဲ မိုင်းအပေါ် အရောင်ဆိုးမိခဲ့လျှင်......


ထိုညက ထယ်ယောင်း Acc ထဲ ၀င်ကြည့်ကာ ပြုံးနေသော ကောင်မလေးတစ်ယောက်လဲ ရှိသလို

ဘယ်လိုအလျော်တောင်းရမလဲ ဟု တွေးကာ ပြုံးနေတဲ့ ကောင်လေးတစ်ယောက်လဲ ရှိခဲ့သည် 




One Side Love (528 to 1500)Where stories live. Discover now