အပိုင်း(၄)

41 6 0
                                    

"ဟဲ့ဝသုန် ထလေ ဟိုမှာဆရာမလာနေပြီ"

ဇွန်ပန်းပြောမှဝသုန်အသိဝင်လာကာထ၍အကြည့် အမြန်လွှဲလိုက်ရတော့သည်။

"မင်္ဂလာပါဆရာမ"

"ဟုတ်ပါပြီ ထိုင်ကြတော့ တီချယ်ကဒီအတန်းရဲ့အတန်းပိုင်ဆရာမ မွှေးရနံ့ပါ အင်္ဂလိပ်စာဆရာမလည်းဖြစ်တယ်"

မွှေးရနံ့တဲ့လား.....ဒါကြောင့် မရဲ့အင်္ကျီကနေမွှေးပျံ့တဲ့ကိုယ်သင်းရနံ့ကိုအာရုံခံစားမိတာပေါ့။အဲ့အနံ့လေးကို ဆေးလိပ်စွဲသလိုစွဲနေမိပြီထင်ရဲ့။

"ပထမဆုံးရက်ဆိုတော့စာသိပ်မသင်သေးဘဲ တစ်ယောက်နဲ့တစ်ယောက်သိအောင်အရင်မိတ်ဆက်ကြပါမယ်နော်"

တစ်‌ယောက်ချင်းစီခေါ်၍နာမည်ထပြောစေသဖြင့်ယခုဆိုလျှင်ဝသုန်တို့အလှည့်ရောက်လာခဲ့သည်။

"သမီးက ဇွန်ပန်းဖြူပါရှင့်"

"ယုကလျာပါ တီချယ်"

ဆက်လက်ပြီးဝသုန်အလှည့်သို့ရောက်လာခဲ့ရာ ဝသုန့်ဘက်သို့မေးဆက်ပြသဖြင့် ဝသုန်မတ်တပ်ရပ်လိုက်ပြီး

"နှင်းဦးဝသုန်ပါရှင့်"

ထိုအမျိုးသမီးကခေါင်းငြိမ့်ပြလျက်

"နာမည်လေးကလှတယ်နော်ကလေး"

"ကျေးဇူးတင်ပါတယ်ဆရာမ"

"ဟုတ်ပါပြီ ထိုင်တော့"

မ ကအရှေ့ဘက်ကိုပြန်သွားလိုက်‌၍စာစသင်လေသည်။ခေါ်ခံရသည့်သူတောင်မသိပါပဲ ခေါ်ရတာကလည်းထူးတော့ထူးဆန်းသားနော်။သူမသာသိရင်တော့စိတ်ဆိုးမလား ဘာဖြစ်မလဲပဲ။စာနဲ့ပတ်သတ်တဲ့အရည်အချင်းကိုပြောပြရရင် ဇွန်ပန်းကစာတော်သည့်ထဲတွင်ပါသည်။ကလျာ နှင့် ဝသုန်ကဝော့စာမတော်....စာမတော်ဟု‌ဆိုသော် တအားညံ့ဖျင်းနေခြင်းမျိုးလည်းမဟုတ် အတော်အသင့်ထဲတွင်ပါသည်။စာသေချာလုပ်လျှင်ရသော်လည်းပျင်းရိအချောင်ခိုနေခြင်းသာ။ဝသုန် မ သင်တဲ့အင်္ဂလိပ်စာကိုတော့‌တစ်နှစ်ပတ်လုံးသေချာကြိုးစားမည်ဟုတွေးထားမိသည်။

"ဝသုန် နင့်မှာအချိန်ဇယားဆွဲထားတဲ့စာရွက်ပါခဲ့လား ငါတို့မပါခဲ့လို့"

Impossible love 💗Where stories live. Discover now