အပိုင်း(၁၃)

106 8 4
                                    

နေ့‌ရောင်သိပ်မပူပြင်းတော့သည့်ညနေချိန်တွင် ကမ်းခြေအနီးနားတွင်ထိုင်နေသောမိန်းကလေးတစ်ဦး။ထပ်မလွမ်းမိအောင် ကောင်း‌ကင်ပေါ်မှကွယ်ဝင်ကာနီးဖြစ်နေသော နေလေးရယ် နေရောင်ခြည်ကျရောက်နေသောရေပြင်ကို‌ငေးကြည့်နေမိသည်။ငေးကြည့်နေရင်းမျက်စိထောင့်မှတစ်ဆင့်တွေ့လိုက်ရသည့်မိသားစုလေးသုံးယောက် ထိုကျောပြင်လေးကိုရင်းနှီးနေသလိုဖြစ်ပေမဲ့ ဦးနှောက်ကိုအနားပေးထားကာ လှပသည့်မြင်ကွင်းပေါ်တွင်သာအမြင်အာရုံအလုံးစုံတို့ကိုထားလိုက်သည်။ကမ်းခြေနားတွင်လာရောက်ကာ အလှအပခံစားသူမှာနည်းသထက်နည်းသွားသလို နောက်ဆုံးတွင်ဝသုန်တစ်ယောက်နှင့်ထိုမိသားစုလေးသာကျန်တော့သည်။မကြာပါ တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်တွင်ကြီးစိုးသွားသည့် ဆူညံသံတစ်ချို့...ရန်ဖြစ်နေကြသည်ထင်ရဲ့ ဝသုန်လည်းကိုယ့်နှင့်မဆိုင်သည်မို့ အာရုံနှောက်မခံပေ။

အချိန်အားဖြင့်နာရီဝက်လောက်ကြာတော့ သူမနားရောက်လာတဲ့ကောင်ကလေးတစ်‌ယောက် ထိုကောင်လေးကြည့်ရတာအလျင်လိုနေပုံပင်။

"မေမေ ရေနစ်နေလို့ကူညီပေးပါဦးမမ"

အို....ဝသုန်လည်းထိုကလေးစကားကြောင့်ထူပူသွား၍ ကလေးနောက်လိုက်သွားမိသည်။ရေထဲတွင်အမျိုးသမီးတစ်ဦး၏နောက်ကျောပြင်ကိုမြင်လိုက်ရသည် အဘယ့်အကြောင်းကြောင့် မ ကိုပင်သတိရသွားစေသနည်း။ထိုကလေးပြောသလိုရေနှစ်နေခြင်းမျိုးမဟုတ် ကလေးစကားပြောမတတ်သေး၍သာ ထိုအမျိုးသမီးဟာ ကလေးရှိရက်နှင့်ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ချင်နေလေသလား။ကလေးဘက်တော့ငှဲ့သင့်တာပေါ့ ဝသုန်အတွေးမလွန်ခင်အဆုံးသတ်လိုက်ကာ ထိုကျောပြင်လေးဆီရေထဲမှကူးခက်သွားရာ နောက်ဆုံးတော့ရောက်ချေပြီ။ဝသုန်လည်းတွေးမနေတော့ပဲ ထိုအမျိုးသမီးလက်ကိုဆွဲကာသူမကလေးရှိရာကမ်းစပ်သို့ခေါ်ဆောင်လာခဲ့မိသည် မည်သူမည်ဝါဆိုသည်ကိုလှည့်မကြည့်ဖြစ်သေး။လှည့်ကြည့်မိချိန်တွင်တော့ ဝသုန့်အတွက်အရာအားလုံးပြောင်းပြန်လည်ပတ်နေသလို မ နှစ်ယောက်မရှိတဲ့ဝသုန့်မ ဖြစ်နေတယ်လေ။ကမ်းစပ်တွင် အကြည့်ချင်းဆုံနေသူနှစ်ဦးမှာအံ့ဩခြင်း လွမ်းဆွတ်သတိရခြင်း ဝမ်းနည်းခြင်းတို့ဖြင့် ဒါ့အပြင် ထိုနှစ်‌ယောက်ကိုတစ်လှည့်ဆီကြည့်‌နေသည့် ကလေးတစ်ယောက်လည်းရှိသေးသည်။

Impossible love 💗Where stories live. Discover now