အပိုင်း(၁၂)

94 8 0
                                    

"အမလည်းနန္ဒာ့ကိုချစ်ပါတယ်"

ထိုစကားကြားတော့မလိမ်တမ်းပြောရရင် နန္ဒာပျော်မိသွားပါတယ် သို့ရာ နောက်တစ်ခွန်းထပ်မပြောခင်အထိပေါ့။

"ညီမလေးတစ်ယောက်လိုချစ်ပါတယ် ဒါပေမဲ့"

ဝသုန်ဆက်မပြောသေးဘဲရပ်ကာ အရှေ့မှကောင်မလေးကိုကြည့်မိတော့ မကြားချင်ဟန်နားကိုလက်နှစ်ဖက်ဖြင့်အုပ်ထားသည်။

"မပြောပါနဲ့တော့ အမနှင်းရယ် နန္ဒာမကြားနိုင်လို့ပါ ဟင့်...."

ငိုယိုနေသူလေးအား ကားမ‌ရောက်ခင်ရင်ခွင်ထဲထည့်ကာချော့မြူရသည်။

"အမ မသွားခင်စိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့လား"

ထိုသို့ပြောတော့ ဝသုန့်စကားကိုနားထောင်ကာမျက်ရည်များထပ်မကျလာအောင် သုတ်ပြတ်လိုက်ပြီး ပြုံးပြလာသည့်မြင်ကွင်းမှာရင်နာစရာ။အချစ်ကြီးလိုက်ကြတာပါလား......

"နန္ဒာ မငိုတော့ဘူးနော် စိတ်မကောင်းမဖြစ်ပါနဲ့တော့ အမစိတ်မကောင်းဖြစ်အောင်လုပ်မိရင် နန္ဒာ့ကိုယ်နန္ဒာမုန်းမိလိမ့်မယ်"

"အင်းပါ.....အမနန္ဒာကိုအမှန်အတိုင်းပြောရရင် အမချစ်တဲ့သူကလည်းမိန်းကလေးတစ်ယောက်ပါပဲ သူကအခု‌တော့ပိုင်ရှင်ရှိနေပြီလေ နန္ဒာ့ခံစားချက်ကိုအမနားလည်ပါတယ် ဒါပေမဲ့လေအမသူ့ကိုမျှော်နေမိတုန်းပဲ"

ယခုအခါမှာကြမ်းပြင်ပေါ်ကျနေသောမျက်ရည်များသည် နန္ဒာ့မျက်ရည်တော့မဟုတ်တော့။ဝသုန် တွေးမိတိုင်းမျက်ရည်ကျရသည်မှာလည်းမနည်းတော့ပေ သူကကောအခုလိုပြိုလဲတာမြင်ရင်‌‌ဝမ်းသာနေလေမလား။လက်ရှိတွင်ပြန်နှစ်သိမ့်ပေးနေရသူဟာလည်းနန္ဒာသာ.....

"အရမ်းဝမ်းနည်းနေလားအမနှင်း"

"အင်း....ပြောမပြနိုင်အောင်ကိုဝမ်းနည်းတာပေါ့"

ကားစိုက်လာသဖြင့်ဝသုန်မျက်ရည်များ မျက်ဝန်းပေါ်မှကုန်‌စင်စေလိုက်ပြီး စကားစဖြတ်တောက်လိုက်သည်။

"အမသွားတော့မယ်နန္ဒာ ကျေးဇူးပြုပြီးကောင်းကောင်းနေထိုင်ပေးပါနော်"

Impossible love 💗حيث تعيش القصص. اكتشف الآن