{တစ်ကျော့ပြန်}
အပိုင်း(၂၇)
အချိန်တွေတစ်နေ့နဲ့တစ်နေ့ပြောင်းလဲလာတာနဲ့အမျှမေမေလည်းသက်သာလာပြီမို့ဆေးရုံကဒီနေ့ဆင်းခွင့်ရပြီဖြစ်သည်
ခတ္တာလည်းမေ့မေ့ကိုဆေးရုံအဖော်စောင့်ပေးနေတဲ့အချိန်အတွင်းကိုကိုအတွက်မာဖလာလေးထိုးပေးနေတာခုဆိုလှပစွာရုပ်လုံးပေါ်သွားပြီမို့ပိုင်ရှင်ကိုပေးရန်သာကျန်တော့သည် အိမ်ရောက်မှပဲသွားပေးလိုက်တော့မည်
ကိုကိုတို့မိသားစုဆေးရုံမလာတာပင်ကြာပြီ ဘာတွေများလုပ်နေကြပါလိမ့် သူတို့လည်းစီးပွားရေးသမားတွေပဲအချိန်ဘယ်အားပါ့မလဲ
ခတ္တာအတွေးတွေမြောက်များစွာတွေးနေတုန်းအခန်းတံခါးဖွင့်သံနဲ့အတူကီနို၊ခရုစိုရောက်လာသည်
သူတို့ရောက်တာခတ္တာညတွင်းချင်းခေါ်တဲ့နေ့ထဲကပင် မေမေတို့နဲ့အရင်ထဲကရင်းနှီးပြီးသားမို့အဆင်ပြေလှသည်
ကီနို၊ခရုစိုလည်းအခန်းထဲဝင်လာတော့သူ့တို့ကိုကြည့်နေတဲ့မမလေးကိုတွေ့တော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး
"မမလေး စုံစမ်းခိုင်းတာသိရပါပြီ ဘယ်သူ့လက်ချက်လဲဆိုတာ"
"ဘာ ပြစမ်းငါ့ကို"
ကီနိုလည်းမမလေးအားသူ့ဖုန်းထဲကပုံကိုပြလိုက်၏
ခတ္တာလက်ထဲဖုန်းရောက်လာလို့ကြည့်လိုက်တော့ကျော့သီရိခိုင်ပင်သိပ်တော့မအံသြပေသူမကိုမုန်းတီးနေတာမဟုတ်ပါလားမေမေ့ကိုပါထိခိုက်လာတာမို့ဒီတိုင်းတော့လွှတ်မထားနိုင်ပါ
"ဒီပုံတွေဘယ်ကရလဲကီနို"
"ကျွန်တော်တို့Cafeမှာထိုင်နေတုန်းဦးထုပ်ဆောင်းထားတဲ့လူတစ်ယောက်ကAccတောင်းပြီးခဏကြာတော့ပို့လာတာ"
"ဘာ ဦးထုပ်ဆောင်းထားတာ မျက်နှာတွေ့လိုက်လား"
"ဟင့်အင်း Maskတပ်ထားတယ်ဒါပေမဲ့မျက်ခုံးမျက်လုံးတွေကိုတော့မှတ်မိပါတယ်ဗျ"
YOU ARE READING
တစ်ကျော့ပြန်(Completed)
Romanceနှစ်ပေါင်းများစွာသဘောကျလာတဲ့လူဆီကချစ်ခြင်းမေတ္တာကိုတောင့်တမိပေမဲ့ သဘောကျရတဲ့လူက ဥပေက္ခာတွေနဲ့သာဆက်ဆံတဲ့အပြင်ကောင်မလေးပါရှိနေတဲ့အခါ Start-22/3/2024 22/4/2024တွင်ရေးသားပြီးစီးခဲ့သည် (ပထမဆုံးရေးသားခဲ့တဲ့Ficလေး)