Part-29

1.6K 30 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၂၉)


အာဏာလည်းသူ့ကိုအကြည့်စူးစူးနဲ့ကြည့်နေတာကြောင့်ခတ္တာအနားပြေးသွားလိုက်ပြီးခတ္တာလက်အားကိုင်လိုက်ပေမဲ့သူမလေးကခါချလေသည်




ခတ္တာကိုကိုလက်အားခါချလိုက်ပြီးကိုကိုကိုယ်သေချာစိုက်ကြည့်ပြီး




"ဘာလို့ဒီလိုလုပ်ကတာလဲ"




ဟင် အာဏာခတ္တာစကားကြောင့်ကြောင်သွားရသည်





"ဘာကိုလဲခတ္တာ ကိုကို ဘာလုပ်မိလို့လဲ"




သူ့ကိုမျက်နှာပြောင်တိုက်စွာပြန်မေးနေတဲ့ကိုကိုမျက်နှာကိုကြည့်ရင်းမဲ့ ပြုံးပြုံးလိုက်ပြီးလက်ထဲကဖုန်းအားပေးလိုက်သည်



အာဏာခတ္တာလက်ထဲကဖုန်းကိုယူပြီးကြည့်နေရင်းအထိတ်ထိတ်အပြာပြာနဲ့ခတ္တာကိုကြည့်လျက်







"ဒါက ဒါကလေ ခတ္တာ ကိုကို"




အာဏာသူမလေးကိုကြည့်ရင်းစကားလုံးများထပ်ထွက်မလာနိုင်တော့ပေ သူသာအမှန်တိုင်း​ပြောလိုက်ရင်ခတ္တာသူကိုမုန်းသွားမှာအသေချာ





ခတ္တာကျောက်ရုပ်သဖွယ်ရပ်နေတဲ့ကိုကို့အားနာကျည်းစွာကြည့်နေမိသည် သူမအပေါ်ဘာလို့လုပ်ရက်ရတာလဲ ချစ်မိတာကအပြစ်လားကိုယ်ချစ်တဲ့လူကကိုယ့်အပေါ်ဒီလောက်ထိမုန်းတီးရွံရှာနေမှန်းမသိခဲ့တာကခတ္တာကိုယ်တိုင်ကပင်တုံးအနေခဲ့တာလား






နှစ်ယောက်သားဘာစကားမှဆက်မပြောပဲ ကြည့်နေတာမို့ကျော့ဝင်ပြောရန်ပြင်လိုက်သည်




"မောင်မေ့နေတာလား မောင်ပဲအဲ့တုန်းကကျော့ကိုပြောတာလေ"




"ကျော့သီရိခိုင်"




အာဏာလည်းကျော့သီရိခိုင်အားကျယ်လောင်စွာအော်လိုက်ပြီးရှေ့ကခတ္တာအားကြည့်တော့သူ့ကိုမုန်းတီးရွံရှာနေတဲ့အကြည့်နဲ့ကြည့်နေတာမို့





"ခတ္တာရယ်ကို ကိုရှင်းပြပါ့မယ် ခတ္တာထင်နေသလိုမဟုတ်ပါဘူး ကိုကိုကိုယ်အဲ့လိုကြီးမကြည့်ပါနဲ့"






တစ်ကျော့ပြန်(Completed)Where stories live. Discover now